မန္တလးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်အတွင်း မီးလောင်မှုဖြစ်ပွားမှုကြောင့် ကျပ်သိန်း ၇၀ ကျော်ဆုံးရှုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၇၃×၇၄ လမ်းကြားနှင့် ၄၀×၄၁ လမ်းကြား၊ မန္တလေးတက္ကသိုလ်မြောက်ပေါက်ရှိ အမှတ် (၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်အတွင်းက လူနေလိုင်းခန်းများ၌ ဇူလိုင် ၂၈ ရက်၊ ည ၈ နာရီ ၄၀ မိနစ်ကမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိပူးပေါင်းအဖွဲ့များက သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။
မီးသတ်ယာဉ် ၅၀ ခန့်နှင့် လူပေါင်း ၁၂၀ ခန့်တို့ဖြင့် နာရီဝက်ကျော်ကြာငြိမ်းသတ်ခဲ့ရပြီး မီးလောင်ရသည့်အကြောင်းရင်းကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း မန္တလေးမီးသတ်ဦးစီးဌာနမှ သိရသည်။
လေ့ကျင့်ရေးတပ်အတွင်းရှိ (၁၆၀×၂၀)ပေ၊ နံကပ်ပျဉ်ထောင်(၈)ခန်းတွဲ နှစ်ထပ်ဝန်ထမ်းလိုင်းခန်းနေ တပ်သားနိုင်ထွန်းကို၏လိုင်းခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှာတန်ဖိုးမှာ ကျပ် ၇၄ သိန်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် တပ်သားနိုင်ထွန်းကို ကို တပ်တွင်းကအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်မင်းလွင်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment