Wednesday, July 24, 2019

နေပြည်တော်စည်ပင်သာယာရေးကော်မတီ လေလံတင်ရောင်းချမှု ယာယီရပ်ဆိုင်း




နေပြည်တော်စည်ပင်သာယာရေးကော်မတီ လေလံတင်ရောင်းချမှု ယာယီရပ်ဆိုင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

အဆိုပါ ကြေညာချက်တွင် -
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၃၂)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရန် (၇.၇.၂၀၁၉)ရက်နေ့တွင် ပြည်သူသို့ သိရှိနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ Webportal များမှတဆင့် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

အထက်ပါအရပ်ရပ်အခွင့်အရေးလိုင်စင်(၂၃၂)ခုအနက် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ကြီးကြပ်ကွပ်ကဲရမည့် အောက်ဖော်ပြပါ အရပ်ရပ်အခွင့်ရေးလိုင်စင် (၁၃၅)ခု အား အများပြည်သူအကျိုးငှာ ပိုမိုကောင်းမွန်သည့်စနစ်သို့ ပြောင်းလဲကျင့်သုံးရောင်းချသွားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအရ ယခင်ကြေညာထားသောရက်များတွင် လေလံတင်ရောင်းချမည့် အစီအစဉ်များအနက် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ ရောင်းချမည့် အရပ်ရပ်အခွင့်အရေး လိုင်စင်(၁၃၅)ခုအား လေလံတင်ရောင်းချခြင်းမှ ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး ကျန်ဌာနများ ကွပ်ကဲမှုအောက်ရှိ အရပ်ရပ်အခွင့်အရေးလိုင်စင်(၉၇)ခုအား မူလအစီအစဉ်အတိုင်း လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန၏ အရပ်ရပ်အခွင့်အရေး လိုင်စင်(၁၃၅)ခုအတွက် ရောင်းချမည့်စနစ်၊ ရောင်းချမည့်လိုင်စင် အရေအတွက်များအား ကော်မတီမှ အတည်ပြုပြီးပါက လုံလောက်သော အချိန်အတွင်း အများပြည်သူသို့ ထပ်မံ အသိပေးကြော်ငြာ ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
(က) အသားထုတ်လုပ်ရောင်းချခွင့် (ဝက်) လိုင်စင် ( ၆၅) ခု
( ခ) အသားထုတ်လုပ်ရောင်းချခွင့် (အမဲ) လိုင်စင် ( ၄၁) ခု
( ဂ) အသားထုတ်လုပ်ရောင်းချခွင့် (ဆိတ်) လိုင်စင် ( ၂၉) ခု
စုစုပေါင်း (၁၃၅) ခု

လေလံတင်ရောင်းချရေးအဖွဲ့
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

Credit - နေပြည်တော်စည်ပင်သာယာရေးကော်မတီ
The Ladies News



 


0 comments:

Post a Comment