၂၀၁၆-၂၀၁၇ ထက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၀ိဇ္ဇာ၊ သိပံ္ပတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များမှ သုတေသနစာတမ်းများ ရာနှင့်ချီတိုးမြှင့်ရေးသားနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ဇွန်လ ၂၉ ရက်ကကျင်းပသော အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များကော်မတီအတွေ့အကြုံရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ နိုင်ငံတကာအဆင့်မြင့်ပညာကျောင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အထူးသဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုနယ်ပယ်အကြောင်းကို စူးစမ်းလေ့လာရန်လိုအပ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၀ိဇ္ဇာ၊ သိပံ္ပတက္ကသိုလ်များမှ စာတမ်း (၁၉၇၆)စောင်၊ နည်းပညာ တက္ကသိုလ်များမှ စာတမ်း(၁၄၅၈)စောင်ရေးသားရရှိခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်များမှ စာတမ်း(၂၃၆၃)စောင်၊ နည်းပညာတက္ကသိုလ်များမှ စာတမ်း(၂၂၆၃)စောင်အထိ တိုးမြှင့်ရေးသားနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းပြောပြချက်အရ သိရသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၁၆) ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင် တက္ကသိုလ်ကျောင်းပေါင်း ၁၀၀ ကျော် ၊ ကောလိပ် ၂၅ ကျောင်းရှိကြောင်း သိရသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )
0 comments:
Post a Comment