Sunday, July 28, 2019

ဖားကန့်တွင် ကမ်းပါးပြိုကျ၍ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ကုမ္ပဏီဝန်ထမ်း ၁၅ ဦးသေဆုံး ၁၃ လောင်း တူးဖော်ရရှိထားပြီး ရေမဆေးကျောက်သမား ၂၀ ကျော် ပျောက်ဆုံးနေဟုဆို

ဖားကန့်ဒေသတွင် ရေကန်ကြီးတစ်ခုဘေးရှိ တောင်ကမ်းပါးယံပြိုကျရာ ဆူနာမီလှိုင်းကဲ့သို့ ရေလှိုင်းများတက်လာပြီး အဆောက်အအုံအချို့ကို တိုက်စားခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးအပါအ၀င် ကုမ္ပဏီဝန်ထမ်း ၁၈ ဦး မျောပါသေဆုံးခဲ့ကြောင်း ဌာနဆိုင်ရာက အတည်ပြုသည်။ ထို့အပြင် ပျောက်ဆုံးနေသူ ရေမဆေးကျောက်ရှာဖွေသူ အနည်းဆုံး၂၀ ဦးကျော်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ဖားကန့်ဒေသတွင် အစိုးရအမိန့်ဖြင့် ကျောက်တူးဖော်ခွင့်ပိတ်ပင်ထားသည့်ကြားမှ ဖြစ်ပွားသည့် အထက်ပါဆိုးရွားသော တောင်ကမ်းပါးယံပြိုကျမှုသည် ဇူလိုင် ၂၈ ရက်နံနက် ၁ နာရီခန့် က ဖြစ်ပွားခဲ့သည်။

‘‘ကမ်းပါးကြီးက ပေရာချီ မြင့်နေတော့ ပြိုကျတဲ့အခါ ဆူနာ မီလိုဖြစ်သွားတာ’’ ဟု ဖားကန့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးတင့်စိုးက ပြောသည်။
ဖားကန့်မြို့နယ် ဆိပ်မူအုပ် စုရှိ ကုမ္ပဏီပိုင်လုပ်ကွက်အတွင်း ပေ ၅၀၀ ခန့်အမြင့်ရှိ တောင် ကမ်းပါးယံ ပြိုကျခဲ့ကြောင်း ဖား ကန့်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူးဦးဖုန်ဂရိန်က ပြော သည်။
တောင်ကမ်းပါးယံပြိုကျပြီး နောက် ရေလှိုင်းက ဘေးပတ်ဝန်း ကျင်သို့ ရိုက်ခတ်ရာ ကမ်းပါးနှင့် မလှမ်းမကမ်းတွင်ရှိသော လုံခြုံ ရေးရဲကင်းနှင့် ကုမ္ပဏီအဆောင် အချို့ ရေထဲမျောပါသွားသည်ဟု ဦးဖုန်ဂရိန်ကပြောသည်။
‘‘ပါသွားတဲ့အထဲမှာ ရဲက ငါးယောက်။ နှစ်ယောက်ကလွတ် လာတာ။ ဒီညနေအထိတော့ အ လောင်း ၁၃ လောင်းရပြီ’’ ဟု ဖား ကန့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၀င်ဦးသိန်းဟန်က ပြောသည်။
အမည်စာရင်းအတိအကျရ သည့်ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ကုမ္ပဏီဝန်ထမ်း ၁၅ ဦးကိုသာ ဌာနဆိုင်ရာက အတည်ပြုပြီး ယင်းနေရာအနီးဝန်းကျင်ရှိ ရေမဆေးကျောက်ရှာဖွေသူများ  နေထိုင်သည့် တဲအိမ်အချို့လည်း ရေထဲ နစ်မြုပ်သွားသည်ဟု ဒေသခံများက ပြောသည်။
‘‘ပါသွားတာ ရေမဆေးအ နည်းဆုံး ၂၀ လောက်ရှိမယ်။ အ တိအကျကတော့ ဒီဒေသမှာ တ ကယ်မသိနိုင်ဘူး’’ ဟု ဒေသခံဦး နောင်လတ်က ပြောသည်။ ဖားကန့်တွင် ကုမ္ပဏီများကို ကျောက်တူးဖော်ခွင့် အစိုးရကပိတ်ပင်ထားသော်လည်း ရေမဆေးကျောက် ရှာဖွေသူများက နည်းမျိုးစုံဖြင့် တူးဖော်နေသည်။
‘‘ရေမဆေးက သိန်းချီရှိ တာ။ အပြီးသတ်တားဆီးဖို့တော့ မဖြစ်နိုင်ဘူး။ နားလည်မှုနဲ့ တူးနေ ကြပြီး အခုသေတဲ့အထဲမှာလည်း ရေမဆေးတွေလည်း ပါသွား တယ်’’ ဟု ဆိပ်မူကျေးရွာအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးရွှေသိန်းက ပြောသည်။
တောင်ကမ်းပါးယံပြိုကျမှု သည် ကချင်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးဒါရှီလစိုင်း၏ ဖားကန့်ခရီးစဉ် ပြန်သည့်နေ့တွင် ဖြစ်ခဲ့သည်။ တောင်ကမ်းပါးယံပြိုကျသည့် သတင်းကြောင့် ၀န်ကြီးက နောက်ကြောင်းပြန် လှည့်ပြီး အခင်းဖြစ်နေရာသို့ လာ ရောက်လေ့လာခဲ့သည်ဟု ဦးရွှေ သိန်းက ပြောသည်။ သေဆုံး၊ ပျောက်ဆုံးနေသူများအား မည်ကဲ့ သို့ ဆက်လက်ဆောင်ရွက်မည်ကို မေးမြန်းရန် ဦးဒါရှီလစိုင်းထံဇူလိုင် ၂၈ ရက်ညနေက အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်မရပေ။
သေဆုံးသည့်ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ရဲတပ်ရင်း ၃၀ မှ ဖြစ် သည်ဟု ကချင်ပြည်နယ်ရဲတပ် ဖွဲ့ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ရဲ မှူးကြီးမျိုးသူရနောင်က ပြော သည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ တွင် ရောက်ရှိနေသော ကချင် ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောယုက လက်ရှိ ကတော့ ၁၃ ယောက်တွေ့တယ်။ ဒီမနက်(ဇူလိုင် ၂၈ ရက်) ၁ နာရီ ကျော်လောက်က ဖြစ်သွားတယ်’’ ဟု ပြောသည်။
တွေ့ထားတဲ့အ လောင်းတွေကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့လိုက်ပါပြီ’’ ဟု ဖားကန့်မြို့နယ် သင်္ခါရလူမှုကူညီရေးအသင်းမှ ကိုစောလင်းက ပြောသည်။
၂၀၁၉ ဧပြီလက ဖားကန့် မြို့နယ် ဗလခရွာထိပ်၌ နွံကန် ပေါက်ကျမှုများကြောင့် မြန်မာသူ ရနှင့် ရွှေနဂါးကိုးကောင် ကုမ္ပဏီ လုပ်ကွက်များမှ ၀န်ထမ်း ၅၄ ဦး သေဆုံးခဲ့သည်။
ဖားကန့်ကျောက်စိမ်းမြေ တွင် ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇွန်လအထိ သဘာဝဘေး အန္တရာယ်ကြောင့် သေဆုံးသူ ၁၅၀ ခန့်ရှိသည်ဟု ဒေသတွင်း လူမှုအဖွဲ့အစည်းများ၏ မှတ် တမ်းများက ဆိုသည်။
7Day

0 comments:

Post a Comment