Sunday, July 28, 2019

ကယ်လီဖိုးနီးယားပြည်နယ်က အစားအသောက်ပွဲတော်မှာ သေနတ်ပစ်ခတ်မှုဖြစ်

Image may contain: car, night and outdoor
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အစားအသောက်ပွဲတော်ကျင်းပနေစဉ် သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ(၁၁)ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသမီဒီယာမှာ ထုတ်ပြန်ထားပါတယ်။ 
San Jose(ဆန်ဟိုဆေး)မြို့မှာ နှစ်စဉ် (၃)ရက်ကြာကျင်းပနေကျဖြစ်တဲ့ Gilroy Garlic Festival(ဂီလ်ရွိုင်းဂါလစ်ဖက် စတီဗယ်လ်) အစားအသောက်ပွဲတော်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ အခုလ(၂၈)ရက်ညနေပိုင်းမှာ သေနတ်သမားတစ်ဦးက ပစ်ခဲ့တာဖြစ်ပါတယ်။ လူမှုမီဒီယာပေါ်တင်ထားတဲ့ဗီဒီယိုထဲမှာတော့ အခင်းဖြစ်တဲ့နေရာမှာ ပွဲတော်ဆင်နွှဲနေသူတွေ အထိတ်တလန့် ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။ 
ပွဲတော်တာဝန်ရှိသူတွေကတော့ ယခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ ပွဲတော်ဝက်ဘ်ဆိုက်ပေါ်မှာတော့ ပွဲတော်ကျင်းပရာနေရာ Christmas Hill Park ကို ဘာလက်နက်မျှ ယူဆောင်ခွင့်မပြုဘူးဆိုပြီး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ 
Gilroy Garlic Festival ကို (၁၉၇၉)ခုနှစ်ကစပြီး နှစ်စဉ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
Image may contain: one or more people
Image may contain: outdoor

ဘာသာပြန် - စုစံစိုး

0 comments:

Post a Comment