ဟောင်ကောင်မြို့ အခြေစိုက် ဘေဂျင်းအစိုးရကိုယ်စားလှယ် ရုံးခန်းများနှင့် ရုံးသုံး ပစ္စည်းများ ဖျက်ဆီးခံရမှုကို တရုတ်စစ်တပ်က နီးကပ်စွာစောင့်ကြည့်နေပြီဟု ဟောင်ကောင်ရှိ လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဝူချန်က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ(၂၁)ရက်နေ့က ဟောင်ကောင်တွင် ဖြစ်ခဲ့သည့် ဆန္ဒပြပွဲ တွင် ဆန္ဒပြသူအချို့က တရုတ်အစိုးရကိုယ်စားလှယ်ရုံးဆီ စီးနင်းဝင်ရောက်ကာ ဖျက်ဆီးမှု အချို့ပြုလုပ်ခဲ့သည်။
မစ္စတာဝူက "ဟောင်ကောင်အစိုးရက ဝင်ရောက်ကူညီဖို့တောင်းဆိုလိုက်ပါက ဟောင်ကောင်မှာ တပ်စွဲထားတဲ့တရုတ်စစ်တပ်က ဆန္ဒပြသူတွေကိုဝင်ရောက်ထိန်းသိမ်းပေဖို့ အဆင်သင့်ဖြစ်နေပြီ"ဟု မီဒီယာများကို ပြောဆိုခဲ့သည်။
ဆန္ဒပြသူများ၏ ဆင်ခြင်မဲ့အပြုအမှုများက ဘေဂျင်းအစိုးရကိုစိန်ခေါ်နေသကဲ့သို့ ဖြစ်နေပြီး ဘေဂျင်းအစိုးရကစိတ်ဆိုးဒေါသထွက်နေကြောင်း လည်း ဝူက ထည့်ပြောခဲ့သည်။
ဟောင်ကောင်၏ တပ်ဥပဒေအရ လူ ထုအုံကြွမှု နှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတို့အတွက် ဟောင်ကောင်အစိုးရက တရုတ်စစ်တပ်ကိုအကူအညီတောင်းခွင့်ရှိကြောင်း သိရသည်။
တရုတ်စစ်တပ်အား အမိန့်ပေးနိုင်မည့် ခါင်းဆောင်များကို ဟောင်ကောင်အစိုးရကသာ ရွေးချယ်ခန့်အပ်ပေးရပြီး လုပ်ငန်းစဉ်များ ပြီးဆုံးပါက ချက်ချင်းပြန်လည်ထွက်ခွာရသည်ဟု သိရသည်။
Ref ; Beijing says Chinese troops in Hong Kong can be deployed at HK government's request to restore order






0 comments:
Post a Comment