ထိုင်းအစိုးရတပ်ဖွဲ့ဝင်များနဲ့တိုက်ခိုက်မှုဖြစ်ပွားချိန်အတွင်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး သံသယရှိသူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း ထိုင်း The Nation သတင်းကဖော်ပြပါတယ်။
မြန်မာနိုင်ငံက မူးယစ်ဆေးဝါးသယ်ဆောင်တယ်လို့ သံသယရှိသူလေးဦးဟာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ သတင်းအရစောင့်နေတဲ့ ထိုင်းတပ်ဖွဲ့ နဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်၊မယ်ဖာလောင်ဒေသမှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံက မူးယစ်ဆေးသယ် ဆောင်သူတို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
မြန်မာနိုင်ငံသား ၁၅ ဦးဟာ မြန်မာဘက်ခြမ်းက နေထိုင်းဘက်ကို မူးယစ်ဆေးဝါးအိတ်တွေနဲ့အတူ သေနတ်တွေ ကိုင်ဆောင်ထားကြောင်းနှင့် ၄င်းတို့ကိုရှာဖွေဖို့ ရပ်တန့်ခိုင်းချိန်မှာ မရပ်တန့်ဘဲ ပစ်ခတ်မှုတွေလုပ်ခဲ့ကြောင်း ထိုင်းတပ်ဖွဲ့ ကပြောပါတယ်။
၁၅ မိနစ် ခန့်အပြန်အလှန် ပစ်ခတ်မှုပြုလုပ်ပြီးချိန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ သံသယရှီတဲ့ မြန်မာ အုပ်စု ဟာ ထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားချိန်နားက ရုပ်လောင်း လေးလောင်းကိုတွေ့ ရှိခဲ့ကြောင်းသိရပါတယ်။
ဒါအပြင်သေဆုံးတဲ့ရုပ်အလောင်းနားက AK47 မောင်းပြန်ရိုင်ဖယ် သေနတ် နဲ့ မူးယစ်ဆေးဝါး ၂၀ ကီလိုဂရမ် ကိုတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။
နေ၀န်း






0 comments:
Post a Comment