Wednesday, August 14, 2019

လူမျိုးအလိုက်လူဦးရေစာရင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆွေးနွေးပြီးမှသာ ထုတ်ပြန်သွားမည်

Image may contain: 1 person, standing and hat
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွင်လူမျိုးစာရင်းများကိုကောက်ယူခဲ့ရာ၌ အငြင်းပွားမှုများရှိနေသည့်အတွက် တိုင်းရင်းသားမျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေစာရင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး သဘေတူညီမှုရရှိမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 
သြဂုတ်လ ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့)တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ဖြေကြားချက်အရ သိရခြင်းဖြစ်သည်။ 
“၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် လူမျိုးစာရင်းများကိုကောက်ယူခဲ့သော်လည်းပဲ လူမျိုးအမည်၊ စာလုံးပေါင်း၊ သတ်ပုံနဲ့ လူမျိုးစုငယ်များ ပါဝင်မှုစသည်တို့တွင် အငြင်းပွားဖွယ်များရှိနေတဲ့အတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ တိုင်းရင်းသားများရဲ့မျိုးနွယ်စုလူမျိုးအလိုက်စာရင်းကို ကျွန်တော်တို့ထုတ်ပြန်ပေးဖို့ လောလောဆယ် မရှိသေးပါကြောင်း ဖြေကြားလိုပါတယ်။ တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်များ၊ ယဉ်ကျေးမှုပညာရှင်နဲ့ လူဦးရေပညာရှင်များ၊ သက်ဆိုင် ရာဌာနအဖွဲ့အစည်းများ အဆင့်ဆင့်အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ဆွေးနွေးမှုများ ညှိနှိုင်းမှုများ တိုင်းရင်းသားလူမျိုးစုများအတွင်းမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးပြီးမှ သဘောတူချက်ရရှိပြီးတဲ့အချိန်မှသာလျှင် ကျွန်တော်တို့ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောသည်။
မောင်တောမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်၏ တိုင်းရင်းသားမျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေစာရင်းထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းအပေါ် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှကောက်ယူရရှိသောလူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၄ ဒသမ ၁၀ သန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့ရက်တွင်ရှိသော တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် အမျိုးသား ၉၇၈၂၂၄ ဦး၊ အမျိုးသမီး ၉၀၃၁၃၈ ဦး၊ စုစုပေါင်း ၁၈၈၁၃၆၂ ဦး၊ ကယားပြည်နယ်တွင် အမျိုးသား ၁၅၉၁၂၁ ဦး၊ အမျိုးသမီး ၁၆၁၀၉၅ ဦး၊ စုစုပေါင်း ၃၂၀၂၁၆ ဦး၊ ကရင်ပြည်နယ်တွင် အမျိုးသား ၇၈၃၇၁၆ ဦး၊ အမျိုးသမီး ၈၂၁၉၈၁ ဦး၊ စုစုပေါင်း ၁၆၀၅၆၉၇ ဦး၊ ချင်းပြည်နယ်တွင် အမျိုးသား ၂၄၆၈၉၇ ဦး၊ အမျိုးသမီး ၂၆၉၈၅၅ ဦး၊ စုစုပေါင်း ၅၁၆၇၅၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသား ၂၆၁၅၉၃၆ ဦး၊ အမျိုးသမီး ၂၉၃၄၄၅၃ ဦး၊ စုစုပေါင်း ၅၅၅၀၃၈၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသား ၇၃၃၃၀၆ ဦး၊ အမျိုးသမီး ၇၄၅၇၈၀ ဦး၊ စုစုပေါင်း ၁၄၇၉၀၈၆ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသား ၂၃၃၉၆၁၈ ဦး၊ အမျိုးသမီး ၂၅၉၄၈၁၀ ဦး၊ စုစုပေါင်း ၄၉၃၄၄၂၈ ဦး၊ မကွေးတိုင်းဒေသကြီးတွင် အမျိုးသား ၁၈၀၇၁၄၅ ဦး၊ အမျိုးသမီး ၂၁၃၀၁၃၃ ဦး၊ စုစုပေါင်း ၃၉၃၇၂၇၈ ဦးတို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား ၃၀၅၇၅၆၅ ဦး၊ အမျိုးသမီး ၃၄၂၀၁၇၅ ဦး၊ စုစုပေါင်း ၆၄၇၇၇၄၀ ဦး၊ မွန်ပြည်နယ်တွင် အမျိုးသား ၉၄၃၆၀၉ ဦး ၊ အမျိုးသမီး ၁၀၅၁၄၅၉ ဦး၊ စုစုပေါင်း ၁၉၉၅၀၆၈ ဦး၊ ရခိုင်ပြည်နယ်တွင် အမျိုးသား ၁၅၈၂၀၃၄ ဦး၊ အမျိုးသမီး ၁၇၄၃၀၈၂ ဦး၊ စုစုပေါင်း ၃၃၂၅၁၁၆ ဦး၊ ရန်ကုန် တိုင်းဒေသကြီးတွင် အမျိုးသား ၃၈၈၇၄၄၉ ဦး၊ အမျိုးသမီး ၄၃၁၆၃၈၃ ဦး၊ စုစုပေါင်း ၈၂၀၃၈၃၂ ဦး၊ ရှမ်းပြည် နယ်တွင် အမျိုးသား ၃၁၅၆၁၆၆ ဦး၊ အမျိုးသမီး ၃၁၇၆၀၂၂ ဦး၊ စုစုပေါင်း ၆၃၃၂၁၈၈ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် အမျိုးသား ၃၀၄၂၈၁၄ ဦး၊ အမျိုးသမီး ၃၂၃၀၀၉၉ ဦး၊ စုစုပေါင်း ၆၂၇၂၉၁၃ ဦး၊ နေပြည်တော်ကောင်စီ နယ်မြေတွင် အမျိုးသား ၆၁၅၂၈၉ ဦး၊ အမျိုးသမီး ၆၅၃၈၉၉ ဦး၊ စုစုပေါင်း ၁၂၆၉၁၈၈ ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေမှာ အမျိုးသား ၂၅၉၄၈၈၈၉ ဦး၊ အမျိုးသမီး ၂၈၁၅၂၃၆၄ ဦး၊ စုစုပေါင်း ၅၄၁၀၁၂၅၃ ဦးဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။
Image may contain: one or more people
နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment