Monday, August 26, 2019

သဘောတူညီမှုမရှိသည့် ဘရီဇစ်ကိစ္စ တပ်နှင့် ဂျွန်ဆင် မည်သူသမိုင်းတရားခံဖြစ်မည်နည်း

Image may contain: 6 people
ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်တို့သည် သဘောတူညီချက်မပါဘဲ ဘရီဇစ်ပြနာတွင် မည်သူသမိုင်း တရားခံဖြစ်မည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အပြန်အလှန် စွပ်စွဲငြင်းခုံလျက်ရှိသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ နောင်တစ်ချိန်တွင် Mr.No Deal အဖြစ်အောက်မေ့သတိရဖွယ်ရှိကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်ကပြောကြားလိုက်သည်။
သို့သော် ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်ကို Mr.No Deal Brexit ဖြစ်လာနိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တုံ့ပြန်ပြောဆိုသည်။
ဥရောပကောင်စီဥက္ကဋ္ဌတပ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့သည် ပြင်သစ်နိုင်ငံ၌ ဩဂုတ် ၂၅ ရက် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံကြမည်ဖြစ်သည်။
ဘရီဇစ်အတွက် ဗြိတိန်ဝန်ကြီးချုပ်၏ သဘောထားများကို သဘာဝကျနေသမျှ ဆက်လက်နားထောင်ရန် ဥရောပသမဂ္ဂ(အီးယူ)က ဆန္ဒရှိကြောင်း ဒေါ်နယ်တပ်က ထည့်သွင်းပြောဆိုသည်။

0 comments:

Post a Comment