Sunday, August 25, 2019

ဆွစ်ဇာလန်နိုင်ငံတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွား ၊ မွေးကင်းစကလေးငယ်တစ်ဦးအပါအ၀င် လူ ၃ ဦး သေဆုံး

ဆွစ်ဇာလန်နိုင်ငံတွင် ယခင်ကပျက်ကျခဲ့သည့် လေယာဉ်ငယ်တစ်စီးအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)
ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းတွင် သြဂုတ် ၂၅ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၃ ဦး သေဆုံးခဲ့ကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ 
အချင်းဖြစ်ပွားသည့် လေယာဉ်မှာ ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း ဗားဒ်(Vaud)ပြည်နယ်မှ အီတလီသို့ ပျံသန်းခြင်းဖြစ်ရာ လေယာဉ်စတင်ပျံသန်းပြီး တစ်နာရီခွဲခန့်တွင် ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်း ဆမ်းပ်လန်(Simplon)၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွစ်ဇာလန် သက်ဆိုင်ရာဌာနများက ကူညီကယ်ဆယ်မှုများကို ချက်ချင်းလုပ်ဆောင်ခဲ့သော်လည်း လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၃ ဦးစလုံးသေဆုံးခဲ့ကြောင်း ၊ ၄င်းအနက် မွေးကင်းစကလေးငယ် တစ်ဦးပါဝင်ကြောင်း သိရသည်။ 
အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ဆွစ်ဇာလန်လေကြောင်းအာဏာပိုင်များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(Xinhua)

0 comments:

Post a Comment