Monday, August 26, 2019

မြန်မာ-တရုတ် ဒုတိယကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်

69085248_2352261295031133_7603648335190163456_n
မြန်မာ-တရုတ် ဒုတိယကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ သိန္နီ-ချင်းရွှေဟော်လမ်းကြောင်း က သြဂုတ် ၂၅ ရက် ညပိုင်းမှာ ပြန်ပွင့်သွားပြီ ဖြစ်ပါတယ်။

လမ်းကြောင်းပွင့်သွားတဲ့အတွက် ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေနဲ့ ကုန်တင်ယာဉ်တွေ ပြန်လည်သွားလာနေပြီ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ဖွဲ့က ဖျက်ဆီးခဲ့ သန္နီ-ချင်းရွှေဟော် လမ်းကြောင်းပေါ်က တံတားနှစ်စင်းကိုတော့ ယာယီသံဘောက်ဘေလီတံတားထိုးပြီး ပြုပြင်ထားပါတယ်။ ဒါအပြင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးလည်း ပြန်ပွင့်စပြုနေပြီ ဖြစ်ပါတယ်။ 
လမ်းမပွင့်ခင် အရင်နေ့တွေကတော့ ကွတ်ခိုင်-တာမိုညဲလမ်းကနေ မူဆယ်-လားရှိုးကို ယာဉ်ငယ်တွေနဲ့ သွားလာနေကြပါတယ်။
လက်ရှိအချိန်ထိ မြန်မာ-တရုတ် ကုန်လမ်းရေးလမ်းကြောင်း နှစ်ခုလုံး လုံးဝလုံခြုံတဲ့ အနေအထားတော့ မဟုတ်သေးဘဲ  တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
သိန္နီ-ချင်းရွှေဟော် လမ်းတစ်လျှောက်မှာတော့ တပ်မတော်က လုံခြုံရေးယူထားတယ်လို့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။
68858002_2352261325031130_8207568578648473600_n
69016923_2352261251697804_3777140170206216192_n
69307410_2352261368364459_2834268546630942720_n
69399452_2352261388364457_6917938642967068672_n69581324_2352261275031135_8418919890605309952_n
DVB

0 comments:

Post a Comment