Monday, August 26, 2019

ဂျပန်နှင့်ကုန်သွယ်ရေး သဘောတူညီချက်ရရှိခဲ့ဟု သမ္မတထရမ့်ပြော

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တရပ်ကို အကြမ်း ဖျင်း သဘောတူခဲ့ကြပြီး စက်တင်ဘာလထဲ နယူးယောက်မြို့မှာ တရားဝင်လက်မှတ်ထိုးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  သြဂုတ် ၂၅ ရက်နေ့မှာ ပြောပါတယ်။ 

အဲဒီကုန်သွယ်ရေး သဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအတွက် ဈေးကွက်ဖွင့်ပေးသွားမှာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုအခွန်စည်းကြပ်တာနဲ့ ဒီဂျစ်တယ်ကုန်သွယ်ရေး စတဲ့ကဏ္ဍတွေလည်း ပါတယ်လို့ ထရမ့်ရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်ထိုက်ဇာက ပြောပါတယ်။ 
ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံမှုအတွင်း ဂျပန်အနေနဲ့ အမေရိကန်ထွက် ဂျုံတွေ ပြောင်းတွေကို ဝယ်ဖို့ သဘောတူခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။
ဒီအစီအစဉ်ဟာ ပုဂ္ဂလိကကဏ္ဍ အောက်ကနေ လုပ်ဆောင်သွားမယ်လို့ အာဘေးက ပြောပါတယ်။ 
ထရမ့်နဲ့ အာဘေးတို့ဟာ ဩဂုတ် ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံမှာ စတင်ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲကို ရောက်ရှိနေချိန် သီးခြားတွေ့ဆုံခဲ့ကြတာပါ။
DVB

0 comments:

Post a Comment