Sunday, August 25, 2019

ကော့သောင်းမှ ညှင်းပမ်းနှိပ်စက်ခံ အမျိုသမီးအလုပ်သမားနှစ်ဦးအား ပို့ဆောင်သူနှင့်ညှင်းပမ်း နှိပ်စက်သူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသူများကို ရဲတပ်ဖွဲ့ဖမ်းဆီးရမိ

Image may contain: 2 people, people standing
ကော့သောင်းမြို့တွင် ဖြစ်ပွားခဲ့သော စားသောက်ဆိုင်တွင်ညှင်းပန်းနှိပ်စက်ခံသည့် အလုပ်သမားအမျိုးသမီး နှစ်ဦးအမှု နှင့်ပတ်သက်၍ ၄င်းအမျိုးသမီးနှစ်ဦးအား ရန်ကုန်မှကော့သောင်းသို့ပို့ဆောင်ခဲ့သူနှင့် ညှင်းပန်းနှိပ်စက်သူ ဆိုင်ပိုင်ရှင်အပါအ၀င် ၄ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့တွင် စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့်အပေါင်းအပါများက ဆိုင်တွင်အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားအမျိုးသမီးနှစ်ဦးကို အတင်းအဓမ္မပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊ သတ်ပစ်မည်ဟုခြိမ်း ခြေက်ခြင်း၊ သံကြိုးဖြင့်ချဉ်နှောင်ပြီး (၅)လခန့် အခန်းအတွင်းချုပ်နှောင်ကာ ဆံပင်များအားဖြတ်ကာ ကတုံး တုံးခြင်း၊ ခန္ဓာကိုယ်အား ရေနွေးပူဖြင့် လောင်းခြင်း၊ သံပြားမီးကင်၍ကပ်ခြင်း၊ဦးခေါင်းအားခုံဖြင့်ရိုက်နက်ခြင်း၊ မဝလင်စွာကျွေးခြင်း နှင့်ထမင်းမကျွေးဘဲထားခြင်း၊ အိမ်သာအတွင်းမှရေကို သောက်စေခြင်းစသည့် လူမဆန်စွာနှိပ်စက်ငြင်းပန်းမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ယင်းသို့ ညှင်းပမ်းနှိပ်စက်ခံရမှုကြောင့် အလုပ်သမားနှစ်ဦးဖြစ်သည့် မစန်းစန်းဝင်းနှင့်မမြတ်မြတ်မိုးတို့မှာ ထွက်ပြေးခဲ့ပြီး ပတ်ဝန်း ကျင် ၏အကူအညီကိုရယူကာ ကာ့သောင်းမြို့မရဲစခန်းသို့ ဩဂုတ် ၂၀ ရက်က လာရောက်အမှုဖွင့် တိုင်ကြားခဲ့ ကြောင်း သိရသည်။
တိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ရာတွင် အလုပ်သမားနှစ်ဦးဖြစ်သည့် မစန်းစန်းဝင်းနှင့်မမြတ်မြတ်မိုးတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သူများဖြစ်ပြီး ကော့သောင်းမြို့ရှိစားသောက်ဆိုင်တွင်အလုပ်အကိုင်ရရှိ မည်ဟု ဆိုကာ ၄င်းတို့နှင့်နီးစပ်သူ ၀တုတ်ဆိုသူမှစည်းရုံးပြောဆိုသည့်အတွက် အလုပ်အကိုင်ရရှိရေးအတွက် ကော့သောင်းမြို့သို့ ဇန်န၀ါရီလအတွင်းပိုင်းသွားရောက်ခဲ့ကြောင်းနှင့် အလုပ်သမားအမျိုးသမီးနှစ်ဦးသည် ကော့သောင်းမြို့သို့ရောက်ရှိပြီး နောက် ဒေါ်မအေးဆိုသူ၏ နေအိမ်တွင် တစ်လခန့်အိမ်အလုပ်များလုပ်ကိုင်ပေးခဲ့ရပြီးနောက် ၄င်းတို့နှစ်ဦးအား ဒေါ်မအေး ဆိုသူဖွင့်လှစ်ထားသည့်ဆိုင်တွင် ပြည့် တန်ဆာအဖြစ်လုပ်ကိုင်ရန် ဆိုင်ရှင်ဖြစ်သူဒေါ်မအေး၊မသဲသဲနှင့်မခိုင်တို့ သုံးဦးမှ နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သဖြင့် ကော့သောင်းမြို့မရဲစခန်းက ၄င်းပါဝင်သူများကို ဖမ်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကော့သောင်းမြို့မရဲစခန်းက (ပ) ၁၇၆၄/၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ ၃၂၆/၃၄၂/ ၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့် ထားကြောင်းသိရသည်။

0 comments:

Post a Comment