Monday, August 26, 2019

မိုးညိုအမတ် အဂတိလိုက်စားမှုဖြင့် အရေးယူခံရသော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဆက်လက်ရှိနေမည်ဟုဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားမှုနှင့်ပတ်သတ်၍ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၊ ခေတ္တနားချိန်တွင် ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီအတွင်းရေးမှူးဒေါက်တာလှမိုးက မီဒီယာများသို့ ဖြေကြားခဲ့သည်။

"ဆရာတို့လည်း အဂတိလိုက်စားမှုကော်မရှင်က အမှုဖွင့်ထားတယ်ဆိုတာ လောက်ဘဲသိပါသေးတယ်။ ကျန်တာတော့ မသိသေးပါဘူး။ လွှတ်တော်ကို ဒါသူ့ကိုအရေးယူဖို့၊ ဖမ်းဆီးဖို့၊ တရားဥပဒေတင်ပြတောင်းခံလာခြင်းတော့ အခုချိန်ထိ မရှိသေးဘူး။ ရှိလာရင်တော့ ဒါနာယကရဲ့ဆွေးနွေးချက်ပါဘဲ။ကျန်တာကတော့ အခုချိန်မှာ အာဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ရဲစခန်းမှာအမှုဖွင့်ထားတဲ့အဆင့်ဘဲရှိပါသေးတယ်”ဟု ၎င်းကပြောသည်။
ဆက်လက်၍ ဒေါက်တာလှမိုးက"ဆွဲသွားပြီဆိုရင်တော့ နာယကရဲ့ခွင့်ပြုချက်ပါလို့ပေါ့။နာယကရဲ့ခွင့်ပြုချက်ဆိုတာက ဒီလိုရှိတယ်။လွှတ်တော်ကျင်းပနေစဉ်ကာလဆိုတာ ဒီလွှတ်တော်ကျင်းပနေတဲ့ Duration ကိုပြောတာမဟုတ်ဘူး။ ဒီလွှတ်တော်ကျင်းပနေတဲ့ Planary section ထဲမှာရှိတဲ့အချိန်မှာ ဖမ်းမယ်ဆိုရင်ရင်တော့ လွှတ်တော်ဥက္ကဌရဲ့ ခွင့်ပြုချက်တောင်းပြီးမှဖမ်းရတယ်။သို့သော် Planary section ကျင်းပနေတာမဟုတ်ဘဲနဲ့ ပြင်ပမှာဆိုလို့ရှိရင်တော့ ဒါက သူ့ရဲ့အရှိတိုင်းဘဲ ခွင့်ပြုချက်မလိုပါဘူး”ဟု ဆိုသည်။
"အခု ဒေါက်တာအေးမောင် ဘယ်လိုအနေအထားရှိလဲ။ ပျက်ပြယ်သလား။ထောင်ကျနေတာဘဲ ၊ခွင့်တိုင်ခဲ့တာဘဲမဟုတ် ဘူးလား။ ဒီလိုဘဲပေါ့ လွှတ်တော်မှာတော့ ကိုယ်စားလှယ်အနေနဲ့ဆက်ပြီးရှိနေဦးမှာဖြစ်တယ်'ဟု ဒေါက်တာလှမိုးက ဆက်လက်ဖြေကြားသည်။
မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး (၉)ဦးအား နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရစေရန်တာဝန်ယူလုပ်ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုးအလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
KKT(နေပြည်တော်)
Isee Media

0 comments:

Post a Comment