Monday, August 26, 2019

ဖုန်းဘေလ်ကောက်ခံမှုနှင့်ပတ်သက်၍ အော်ပရေတာများကို သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းမည်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ်။ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်
မိုဘိုင်းတယ်လီဖုန်းများတွင် ဖုန်းဘေလ်ကောက်ခံမှုအခြေ အနေနှင့်ပတ်သက်၍ သုံးစွဲသူများ ပိုမိုနားလည်သိရှိလာစေ ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာများကို သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

သြဂုတ်၂၆ရက်က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်တွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
''ဖုန်းဘေလ်ကောက်ခံမှု အခြေအနေများကို သုံးစွဲသူများ ပိုမိုနားလည်သိရှိလာစေရေးအတွက် အော်ပရေတာများအနေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ဆောင်ရွက်သွားရေးအတွက် ညွှန်ကြားသွားမှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
မိုဘိုင်းဖုန်းများသုံးစွဲရာတွင် နားလည်မှုလွဲမှားခြင်းမဖြစ်စေရေးနှင့် ပိုမိုကုန်ကျစေနိုင်သည့်အချက်များကို သုံးစွဲသူများသိရှိစေရေး ပညာပေးအစီအစဉ်များဆောင်ရွက်စေခဲ့သ ည့်အပြင် သတင်းစာရှင်းလင်းပွဲကိုပါ ပြုလုပ်ခိုင်းမည်ဟု ဆိုသည်။
မိုဘိုင်းဖုန်းသုံးစွဲသူများသည် အော်ပရေတာများကပေးနေသော အပိုဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များကို SMSစာတို များမှဖြစ်စေ၊ မတော်တဆ နားလည်မှုလွဲမှားပြီး နှိပ်မိခြင်းကြောင့် ဝန်ဆောင်မှုများကို ရယူသကဲ့သို့ဖြစ်စေ ဝန်ဆောင်ခဘေလ်များ မှားယွင်းစွာဖြတ်တောက်ခံနေရသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ဦးကျော်မျိုးက ဆက်လက်ပြောကြားသည်။
အပိုဝန်ဆောင်မှုအစီအစဉ်များအတွက် SMSကို မြန်မာဘာသာဖြင့်ရှင်းလင်းစွာပေးပို့ရန်၊ ဝန်ဆောင်မှုကို အမှန်တက ယ်ရယူလိုခြင်းရှိမရှိ အတည်ပြုချက်ရယူရန်စသဖြင့် ညွှန်ကြားထားပြီးဖြစ်သည်ဟု ဆိုသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်ကို ဆက်သွယ်ရေးအော်ပရေတာများက လို က်နာမှုအားနည်းနေသည်ကို တွေ့ရှိနေရဆဲဖြစ်သောကြောင့် လိုက်နာခြင်းမရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း ယခုလ ၁၉ရက်က ထပ်မံညွှန်ကြားခဲ့ရကြောင်း သိရသည်။
''အော်ပရေတာတွေက တိကျစွာလိုက် နာမှု အားနည်းနေသေးကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြော င်း ထပ်ပြီး ညွှန်ကြားထားပြီးဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။
ဆက်သွယ်ရေးအော်ပရေတာများသည် မိုဘိုင်းတယ်လီဖုန်းအသုံးပြုသူများထံမှ ဖုန်းဘေလ်များ မမှန်မကန်ဖြတ်တောက် နေခြင်းများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ထောက်ပြပြောဆိုခဲ့ပြီးဖြစ်သကဲ့သို့ အပိုဝန် ဆောင်မှု အစီအစဉ်များကြောင့်လည်း နားလည်မှုအားနည်းသော သုံးစွဲသူများမှာ ဘေလ်များဖြတ်တောက်ခံနေရဆဲဖြစ်ကြော င်း အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ထောက်ပြခဲ့သည်။  

The Myanmar Times

0 comments:

Post a Comment