Sunday, August 25, 2019

မြန်မာကို ပြစ်တင်ရှုံ့ချရန် အင်ဒိုနီးရှားပါလီမန်၏ကြိုးပမ်းမှု မြန်မာကိုယ်စားလှယ်အဖွဲ့ပယ်ချ

Image may contain: 4 people, people sitting and indoor
ဘဂါင်္လီအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကိုပြစ်တင်ရှုံ့ချရန် အင်ဒိုနီးရှားပါလီမန်ကိုယ်စားလှယ်အဖွဲ့၏ကြိုးပမ်းမှုကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့(သြဂုတ် ၂၅ ရက်)ညပိုင်းတွင် ပယ်ချခဲ့သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပနေသည့် အကြိမ် ၄၀ ပြည့် အာဆီယံပါလီမန်များအထွေထွေညီလာခံ၊ ပထမနေ့(သြဂုတ် ၂၅ရက်)ညပိုင်းတွင် AIPA(အာဆီယံပါလီမန်များညီလာခံ)၏ Executive Committee(အလုပ်အမှုဆောင်အစည်းအဝေး)ကိုကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့က အင်ဒိုနီးရှားပါလီမန်၏ကြိုးပမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ညီလာခံသို့လိုက်ပါသွားသူ စမ်းချောင်းအမတ် ဦးဘိုဘိုဦးက 7Day Daily သတင်းစာကို ပြောသည်။
မူလက အင်ဒိုနီးရှားပါလီမန်အဖွဲ့သည် နိုင်ငံရေးကဏ္ဍအဖြစ် ‘Resolution on Responding to the Humanitarian Crisis of the Rohingya People’ ခေါင်းစဉ်ဖြင့် သြဂုတ် ၂၇ ရက်တွင် အဆိုတင်သွင်းရန်လျာထားခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် အင်ဒိုနီးရှား၏ အထက်ပါအဆိုမူကြမ်းအပါအ၀င် အဆိုမူကြမ်း ၄ ခုစလုံးကို Executive Committee အစည်းအဝေးတွင် ပယ်ဖျက်ခဲ့ကြောင်း ဦးဘိုဘိုဦးက ရှင်းပြသည်။
ယမန်နေ့ည အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို ရှင်းလင်းခဲ့ပြီး မြန်မာအစိုးရ၏လုပ်ဆောင်နေမှုကို လွှတ်တော်က မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်းနှင့် အားရစရာရှိကြောင်း၊ နိုင်ငံရေးအရအကြပ်ကိုင်ခံနေရမှုကို သိရှိရန်လိုအပ်ကြောင်း စသည်ဖြင့် ထည့်သွင်းရှင်းလင်းခဲ့သည်ဟုဆိုသည်။
အထက်ပါ ညီလာခံသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့၊ အဖွဲ့ ခေါင်းဆောင် သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် ဦးဆောင်၍ အဖွဲ့ဝင် (၁၉)ဦးပါလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေခြင်းဖြစ်သည်။
သတင်း - ထက်အာကာကျော်
ဓာတ်ပုံ - Than Win Facebook

7Day

0 comments:

Post a Comment