Sunday, August 25, 2019

အောင်လံမြို့ရှိ အုတ်ယာချောင်းမြေထိန်းနံရံ ပြိုကျ

Image may contain: outdoor and nature
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ သရက်တောရပ်ကွက်ထဲကနေ ဖြတ်သန်းစီးဆင်းနေတဲ့ အုတ်ယာချောင်းမြေထိန်းနံရံဟာ သြဂုတ်(၂၄)ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ သရက်တောရပ်ကွက်အုပ်ချုပ်မှူး ဦးကျော်ကျော်က ပြောပါတယ်။

အုတ်ယာချောင်းဟာ ဧရာဝတီမြစ်ထဲကိုစီးဝင်နေတဲ့ ချောင်းဖြစ်ပြီး မိုးများရင်တော့ ရေစီးအရမ်းသန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
“ ဒီချောင်းက ပုံမှန်ဆို ကိစ္စမရှိဘူး၊ မိုးများသွားရင် ရေစီးတော်တော်ကြမ်းပါတယ်။ ရေစီကြမ်းတဲ့အပြင် သူ့ရဲ့စီးပုံစီးနည်းကလည်း အောက်ကိုလှိုက်ပြီးတော့ နက်သည်ထက်နက်အောင် စားလာပြီးတော့မှ တဖြည်းဖြည်းချောက်ဖြစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအနေအထားအရ အနောက်ဘက်က ကမ်းပါးရံတွေပါ ပြိုကျမယ့်အနေအထားဖြစ်နေပြီး ပြိုကျနေတဲ့ သံခြင်းကွန်ကရစ်မြေထိန်းတွေကိုလည်း ချောင်းထဲကနေ အမြန်ဆုံးဖယ်ရှားပေးဖို့ ချောင်းအနီး နေထိုင်သူတွေက လိုလားနေကြပါတယ်။
အဲဒီအုတ်ယာချောင်းမြေထိန်းအုတ်နံရံကို မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှာ ကျပ်သိန်း(၅၈၀)အကုန်အကျခံကာ အရှည်ပေ(၈၀၀)ကို သံခြင်းကွန်ကရစ် ကျောက်ကြီးမြေထိန်းနံရံအဖြစ် တည်ဆောက်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။
Image may contain: outdoor
Image may contain: outdoor and nature
Image may contain: one or more people
သတင်း - ညီမှူးအိမ်(အောင်လံ)
One News Myanmar

0 comments:

Post a Comment