Monday, August 26, 2019

ပြင်သစ်နိုင်ငံ နာဇီလက်အောက်မှ လွတ်မြောက်ခဲ့သည့် ၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပ

နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာရဲ့ အုပ်ချုပ်မှု လက်အောက်ကနေ ပြင်သစ်နိုင်ငံ လွတ်မြောက်ခဲ့တဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို  သြဂုတ် ၂၅ ရက်နေ့က မြို့တော် ပါရီမှာ ကျင်းပခဲ့ပါတယ်။

၁၉၄၀ ပြည့်နှစ်ခေတ်က အဝတ်အစားတွေ ဝတ်ဆင်ထားကြသူတွေဟာ ပါရီမြို့မှာ စီတန်းလှည့်လည်ခဲ့ပြီး လမ်းတလျှောက် ကြည့်ရှုသူတွေကလည်း အားပေးခဲ့ကြပါတယ်။
စီတန်းလှည့်လည်ပွဲမှာ မဟာမိတ် စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တင့်ကားတွေနဲ့ စစ်ဘက်သုံးယာဉ်တွေကို မောင်းလာကြချိန်မှာ လူအုပ်က ကောင်းချီးပေးပါတယ်။
ဒါ့အပြင် ပါရီ လွတ်မြောက်ရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ပြင်သစ် တော်လှန်ရေး တိုက်ခိုက်ရေးသမားတွေ၊ အမေရိကန်စစ်သားတွေနဲ့ စပိန်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပုံစံတူ ဝတ်ဆင်ထားသူတွေလည်း ပါဝင်ပါတယ်။
နာဇီလက်အောက်ကနေ လွတ်မြောက်ရေး ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူရဲကောင်းတွေကို သီးသန့်ဂုဏ်ပြုထားတဲ့ ပါရီလွတ်မြောက်ရေး ပြတိုက်ကိုလည်း အများပြည်သူတွေကို ဝင်ရောက်လေ့လာခွင့် ပေးထားပါသေးတယ်။
ပါရီမြို့ လွတ်မြောက်ရေးအတွက် ပြင်သစ် စစ်ဗိုလ်ချုပ် ချားလ်ဒေ့ဂေါလ် ဦးဆောင်တဲ့ ပြင်သစ်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဂျာမနီစစ်တပ်အကြား တိုက်ပွဲဟာ ၆ ရက်ကြာခဲ့ပြီး သြဂုတ် ၂၅ ရက်နေ့မှာတော့ ဂျာမနီစစ်သားတွေဟာ ပါရီမြို့လယ်ကောင်မှာ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment