Monday, August 26, 2019

မုံရွာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ယာဉ်မောင်းထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

Image may contain: one or more people and people standing
သြဂုတ်လ ၂၆ ရက် (ယနေ့) နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ က.ည.န ရုံးအနီးတွင် မုံရွာမြို့နယ်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ယာဉ်မောင်းထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ ယာဉ်မောင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ကျော်၊ ဘိန်းဖြူများထည့်ထားသည့် ဆပ်ပြာခွက် နှစ်ခွက်၊ ဘိန်းဖြူထည့်ထားသည့် ပင်နယ်စလင်ပုလင်း ၃ ပုလင်း၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၂၅ ဂရမ်ခန့်တို့ကို သိမ်းဆည်းရမိကြောင်း ကနဦးသိရသည်။

0 comments:

Post a Comment