Sunday, August 25, 2019

Ever Meter ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ၏ ပြောဆိုချက်အပေါ် ဘာမှပြောစရာ မရှိဟု လျှပ်စစ်ဒုဝန်ကြီးဆို

Image may contain: 2 people, people sitting and people standing
လျှပ်စစ်မီတာနှင့်ပတ်သက်၍ လွှတ်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၏ပြောကြားချက်များအပေါ် ဝန်ကြီးအနေဖြင့် တာဝန်ယူရမည်ဖြစ်သည့် အတွက် စားပွဲဝိုင်း၌မျက်နှာချင်းဆိုင်ဆွေးနွေးရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းEver Meter ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ဒေါက်တာထွန်းနိုင်အနေဖြင့် ပြောစရာ မရှိကြောင်း ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ လာရောက်စဉ်တွင် သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ဘာမှပြောစရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာအားလုံးရှင်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့" ဟု ဒေါက်တာထွန်းနိုင်ကပြောသည်။
သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာ ထွန်းနိုင်မှ လျှပ်စစ်မီတာ တင်ဒါ ခေါ်ယူမှုနှင့်ပတ်သက်ပြီး ရှင်းလင်းချက်အရ မီတာတင်ဒါတစ်ခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦးအနက် ကုမ္ပဏီနှစ်ခုက နည်းပညာပိုင်း ဆိုင်ရာ အောင်မြင်၍ ကုမ္ပ ဏီနှစ်ခု၏ ဈေးနှုန်းကို ယှဉ်ပြိုင် သူအားလုံးရှေ့၌ ဖွင့်ဖောက်ရာ အယ်ဖာပါဝါအမည်ရှိ ကုမ္ပဏီက ကျပ် ၈ ဒသမ ၁ ဘီလီယံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်၏ ဈေးနှုန်း သည် ၁၃ ဒသမ ၄ ဘီလီယံခန့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏အမည်ဖြင့် ၀င်ပြိုင်သည့် ကုမ္ပဏီသည် ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ၅,၃၄၃ သန်းပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက် သွားပြီး ပြည်ထောင်စုဝန်ကြီးထံ ကုမ္ပဏီတစ်ခု၏ အမည်ဖြင့် ထိုတင်ဒါကို ပြန်လည်စိစစ်ပေး ရန် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ယင်းသို့ ကန့်ကွက်စာပေးပို့မှုအ ပေါ်အယ်ဖာပါဝါကုမ္ပဏီက ပြည်ထောင်စုဝန်ကြီးထံကို ယှဉ်ပြိုင်မှု ရလဒ်အတိုင်း အတည်ပြုပေးရန် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၎င်းတို့၏မီ တာများကို ဦးစားပေးရွေးချယ်ပေး ရန် ပြည်ထောင်စုဝန်ကြီးထံ ထပ် မံ အကြောင်းကြားလာကြောင်း ရှင်းလင်းမှုတွင်ပါရှိသည်။
ထို့အတူ တင်ဒါစိစစ်ရွေးချယ်ရေး စည်းကမ်းအပိုဒ် (၆) တွင် တင်ဒါ ပေးသွင်းသူသည် မိမိတင်ဒါ အောင်မြင်မှုအတွက် အစိုးရအ ရာရှိများထံမှလည်းကောင်း၊ သြ ဇာတိက္ကမရှိသော ပုဂ္ဂိုလ်များထံမှ အကူအညီရယူရန် ကြိုးစားလျှင် တင်ဒါအား ပယ်ဖျက်မည်ဟု ပါရှိ ကြောင်းသိရသည်။
ထို့ကြောင့်တင်ဒါဈေးနှုန်း ဖွင့်ဖောက်ပြီးနောက် ကုမ္ပဏီအသီး သီးက ပြည်ထောင်စုဝန်ကြီးထံ ၎င်းတို့၏ တင်ဒါကို ရွေးချယ်ရန် အကြိမ်ကြိမ် တင်ပြခဲ့ကြောင်း၊ထိုတင်ဒါကို စိစစ်ခြင်း၊ အတည် ပြု ခြင်း မဆောင်ရွက်ရသေးမီကာ လတွင် ကုမ္ပဏီများက အပြန်ပြန် အလှန်လှန် တိုင်ကြားဆောင်ရွက် နေမှုများသည် ၀န်ကြီးဌာန၏ တင်ဒါစိစစ်ရွေးချယ်မှုကို ၀င် ရောက်စွက်ဖက်လိုခြင်း၊ လွှမ်းမိုးလိုခြင်း၊ မလျှော်သြဇာသုံးဆောင် ရွက်လိုခြင်းများရှိသည်ဟု သုံး သပ်ရကြောင်း၊ ထိုသို့သုံးသပ်ရသည့်အတွက် တင်ဒါ ကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ ကြောင်း လွှတ်တော် သို့ ရှင်းလင်းရာတွင် ဒေါက်တာထွန်းနိုင်မှ အထက်ပါအတိုင်း ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment