Monday, August 26, 2019

ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံများ ဖြစ်အောင် လုပ်သည့် လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါက်ကွဲသံတွေဖြစ်အောင် လုပ်နေတဲ့ လူငယ် ၃ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိပြီလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁၊ ၁၂၊ ၁၃၊ ၁၇ နဲ့ ၂၁ တို့မှာ ထားဝယ်မြို့ပေါ်မှာ ပေါက်ကွဲသံတွေထွက်ခဲ့ပြီး သူတို့ကို သြဂုတ် ၂၄ ရက်ညနေပိုင်းက ဖမ်းဆီးမိခဲ့တာလို့ အစိုးရပြန်ကြားရေးရဲ့  Myanmar Digital News မှာ ဖော်ပြထားတာပါ။
ပေါက်ကွဲသံတွေ မကြာခဏ ဖြစ်နေတဲ့အပေါ် ထားဝယ်မြို့ရဲစခန်းက ဒုရဲအုပ် အေးမင်းခိုင်နဲ့ အဖွဲ့က စုံစမ်းခဲ့ပြီး ဥဿရံရပ်ကွက် ကမ်းနားလမ်းက တိုးတက်နိုင် ဓာတ်ဆီဆိုင်နားမှာ ဖောက်ခွဲခဲ့တာနဲ့ ပတ်သက်လို့ ဆိုင်ရဲ့ လုံခြုံရေး ကင်မရာကို စုံစမ်းရာမှာ ၅၆ ယ/— Click-125i အနီရောင်ဆိုင်ကယ်ဖြစ်တာကို သိရပြီး ဆိုင်ကယ်ပိုင်ရှင်ဟာ ရေဖြူမြို့နယ် မူဒူးရွာမှာ နေတဲ့သူ ဖြစ်တာကိုလည်း သိခဲ့ရပါတယ်။
ဆက်လက်စုံစမ်းရာမှာ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေသူ ညီညီစိုးကို ဘုမ္မော်ရပ်ကွက် ညောင်ပင်ကြီးလမ်းဆုံမှာ အဲဒီဆိုင်ကယ်နဲ့အတူ တွေ့ရပြီး ဆိုင်ကယ်ကို မူဒူးရွာမှာနေတဲ့ စိုးမင်းက ပိုင်တာလို့ ပြောခဲ့ပါတယ်။
သူရှိတဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အိပ်ရာကြမ်းခင်းမှာ အချင်း တလက်မလောက်ရှိတဲ့ ဘောလုံးပုံစံ ယမ်းကြိုးတွေပါတဲ့ အနီ၊ အစိမ်း၊ အပြာရောင် ဗြောက်အိုး ၆ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။
ဒီပစ္စည်းတွေဟာ အဲဒီအိမ်အောက်ထပ်မှာ ငှားနေတဲ့ စိုးမင်းဦးရဲ့ ပစ္စည်းတွေဖြစ်တာကို သိရပြီးနောက် သူတို့ ၃ ယောက်လုံးကို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို နေရာတကျမထားဘဲ ပေါ့ပေါ့လျော့လျော့ထားတာ၊ ပေါက်ကွဲစေတတ်တဲ့ အရာတွေကို သုံးပြီး အများပြည်သူကို ထိတ်လန့်အောင်လုပ်တဲ့ စိုးမင်းဦး၊ စိုးမင်းသူနဲ့ ညီညီစိုးတို့ကို ထားဝယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့ ဆိုပါတယ်။ 
ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို နေရာတကျမထားဘဲ ပေါ့ပေါ့လျော့လျော့ ထားတဲ့ ပြစ်မှုမြောက်တယ်ဆိုရင်တော့ အများဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
DVB

0 comments:

Post a Comment