Wednesday, August 21, 2019

အိန္ဒိယအာကာသယာဉ် လကမ္ဘာပတ်လမ်းထဲ ဝင်ရောက်

No photo description available.
အိန္ဒိယရဲ့ ဒုတိယမြောက် လကမ္ဘာခရီးစဉ်ဖြစ်တဲ့ ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ လပတ်လမ်းထဲ ဝင်သွားပြီး စက်တင်ဘာ ၇ ရက်နေ့မှာတော့ လရဲ့ တောင်ဝင်ရိုးစွန်းကနေ လပေါ်ကို ဆင်းသက်နိုင်ဖို့ ခန့်မှန်းရတယ်လို့ အိန္ဒိယ အာကာသ သုတေသနအေဂျင်စီ (ISRO) အကြီးအကဲ ကယ်လာဆာဗာဒီဗူးဆယ်ဗန်က သြဂုတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။

ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်လောက်မှာ လဂြိုဟ်ရဲ့ ပတ်လမ်းထဲကို ဝင်သွားခဲ့ပြီး စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီ ၅၅ မိနစ်လောက်မှာ လပေါ်ကို ဆင်းသက်နိုင်လိမ့်မယ်လို့ ဆယ်ဗန်က ပြောပါတယ်။
လပေါ်ကို ချောချောမွေ့မွေ့ ဆင်းသက်နိုင်ဖို့ အဲဒီအာကာသယာဉ်ဟာ ၉၀ ဒီဂရီစောင်းဖို့ လိုပါတယ်။ ဒါ့ကြောင့် ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ လရဲ့ မျက်နှာပြင်နားကို ချဉ်းကပ်ဖို့ နှစ်ကြိမ်တိုင်တိုင် အစမ်းလေ့ကျင့်သွားမှာဖြစ်ပြီး အဲဒီနောက် ၉၀ ဒီဂရီစောင်းပြီး ဆင်းသက်မှာပါ။
လကမ္ဘာခရီးစဉ် အောင်မြင်ခဲ့မယ်ဆိုရင် အိန္ဒိယ အာကာသ သုတေသနအေဂျင်စီဟာ လကမ္ဘာကို အထိအခိုက် အပျက်အစီးမရှိဘဲ ဆင်းသက်တဲ့ ကမ္ဘာ့ပထမဆုံး အာကာသအေဂျင်စီ ဖြစ်လာမှာပါ။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာကာသယာဉ် လ ဂြိုဟ်ပတ်လမ်းထဲ ဝင်သွားတာက လကမ္ဘာခရီးစဉ်အတွက် အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ပြောရင်း ISRO အဖွဲ့ သိပ္ပ္ပံပညာရှင်တွေကို ချီးကျူးတယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

0 comments:

Post a Comment