Monday, May 25, 2020

ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီမိုကရေစီအရေး ဆန္ဒပြသူများကို မျက်ရည် ယိုဗုံး အသုံးပြု၍ နှိမ်နင်း

ဟောင်ကောင်၏ လွတ်လပ်မှုကို ထိပါးသည်ဟုဆိုကာ အဆိုပြုထားသော လုံခြုံရေးဆိုင်ရာ ဥပဒေသစ်တစ်ခုကို ကန့်ကွက်ဆန္ဒပြနေသည့် ရာပေါင်းများစွာသော ပြည်သူများကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများ၊ ငရုပ်သီးရည်များပက်ဖြန်း၍ နှိမ်နင်းခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက လော်စပီကာများ အသုံးပြု၍ လူစုခွဲရန် အမိန့်ပေးကာ လူစုဝေးခြင်းက ဉပဒေနှင့်မညီ ညွတ်ကြောင်း ပြောကြားနေစဉ် ဆန္ဒပြသူများက ဒီမိုကရေစီလိုလားသော ကြွေးကြော်သံများ သံပြိုင်ဟစ်ခဲ့ သည်။
မေလ ၂၂ ရက်က ကျင်းပသည့် တရုတ်နိုင်င၊ အမျိုးသားဥပဒေပြုရေးအဖွဲ့ ဖွင့်ပွဲအခမ်းအနား၌ မိတ်ဆက်ခဲ့ သည့် အဆိုပါဥပဒေကြမ်းက ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုနှင့် အကြမ်းဖက်ဝါဒကြောင့်ဟုဆိုကာ ခွဲထွက်လိုသူများ၊ အဖျက်ဆန်သောလုပ်ရပ်များကို တားမြစ်ထားသည်။
အမေရိကန် ကွန်ဂရက်အမတ် ၁၇ ဦးအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသော နိုင်ငံရေးသမား ၂၀၀ ခန့် သည် ယမန်နေ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံ၏ အဆိုပြုဉပဒေကြမ်းများက ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားဥပဒေစိုးမိုးမှုနှင့် အခြေခံလွတ်လပ်ခွင့်များကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
အဆိုပြုဥပဒေကြမ်းက “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဘောင်အရ ၁၉၉၇ ခုနှစ်တွင် ကိုလိုနီ ဗြိတိသျှတို့က ဟောင် ကောင်ကို တရုတ်ထံပြန်ပေးခဲ့သည့် ပူးတွဲကြေညာချက်ကို ချိုးဖောက်ကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။
Ref ; People Media

0 comments:

Post a Comment