Tuesday, February 26, 2019

မြန်မာလုပ်သားသေဆုံးမှုတွင် သက်ဆိုင်ရာဝန်ထမ်းများကိုအရေးယူရန် တောင်ကိုရီးယားလူ့အခွင့်အရေး ကော်မရှင်ထုတ်ပြန်


တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် မြန်မာလုပ်သား ကိုသန်းဇော်ဌေး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများကို အရေးယူပေးရန် တောင်ကိုရီးယားလူ့အခွင့်အရေး ကော်မရှင်က ကြေညာချက်ထုတ် ပြန်သည်။ 
ထိုကြေညာချက်ကို ကိုရီး ယားလူမှုအဖွဲ့အစည်းများနှင့် ကို ရီးယားရောက် မြန်မာများက ကြို ဆိုကြောင်း မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား) က ယမန်နေ့တွင် ထုတ်ပြန်သည်။ ကိုသန်းဇော်ဌေး သေဆုံးပြီး ခြောက်လအကြာတွင် ကော်မရှင် က ထိုကဲ့သို့ ထုတ်ပြန်ကြေညာ ခြင်းဖြစ်သည်။ 

တာဝန်ရှိသော လဝကဝန် ထမ်းများကို အရေးယူရန်၊ လဝ ကဝန်ထမ်းများကို လူ့အခွင့်အ ရေးဆိုင်ရာ ပညာပေးသင်ကြား ခြင်းများ ပြုလုပ်ရန်၊ ရက်လွန်နေ ထိုင်သူများကို ဖမ်းဆီးရာတွင် အန္တရာယ်ကင်းစေရေးကို ဦးစား ပေးဆောင်ရွက်ရန် အချက်များ ပါဝင်သည့် လမ်းညွှန်ချက်များ ချမှတ်ထားရန်နှင့် နစ်နာရသူများ နှင့် ၎င်းတို့မိသားစုဝင်များ၏ အ ခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေများပြဋ္ဌာန်းရန် စသည်တို့ကို တောင်ကိုရီးယား လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်ကြောင်း ကိုရီးယားရောက် မြန်မာလုပ်သားများအရေးကူညီပေးနေသော မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ (ကိုရီးယား) မှ ကိုစိုးမိုးသူက ပြောသည်။ 

ကိုသန်းဇော်ဌေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) တွင် ဆိုးလ်မြို့ တရား ရေးဝန်ကြီးဌာနချုပ်ရှေ့၌ သ တင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု ကိုစိုးမိုးသူက ပြောသည်။ 

‘‘ရက် ၉၀ အတွင်း လဝက ဘက်က တုံ့ပြန်စာထွက်လာဖို့ ရှိ တယ်။ ကျွန်တော်တို့မနက်ဖြန် ဝန်ကြီးကို တွေ့ခွင့်တောင်းတာ အချိုသတ်ငြင်းဆန်ခံရတယ်။ ကျွန်တော်တို့က ဖိအားပေးဆက် လုပ်သွားမှာပါ’’ ဟု ၎င်းကဆက် လက်ပြောသည်။ 

၂၀၁၈ သြဂုတ် ၂ ရက်တွင် တောင်ကိုရီးယားလူဝင်မှုကြီး ကြပ်ရေးအဖွဲ့က ကင်မ်ဖိုမြို့ရှိ မြန်မာလုပ်သားများ အလုပ်လုပ် နေသော ဆောက်လုပ်ရေးလုပ် ငန်းခွင်သို့ လာရောက်စစ်ဆေးခဲ့ သည်။ ထိုသို့ စစ်ဆေးရာ အသက် (၂၆) နှစ်အရွယ် ကိုသန်းဇော်ဌေး သည် ဖမ်းဆီးခံရမည်စိုး၍တိုက် ပေါ်မှ ခုန်ချထွက်ပြေးရာ ဦးခေါင်း တွင် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အင်ချွန်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း စက် တင်ဘာ ၉ ရက်၌ ကွယ်လွန်ခဲ့ သည်။ 

တောင်ကိုရီးယားနိုင်ငံ အင် ချွန်းမြို့ လူဝင်မှုကြီးကြပ်ရေးတာ ဝန်ရှိသူများသည် ဆောက်လုပ် ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေ သော တရားမဝင်မြန်မာလုပ်သား များကို သြဂုတ် ၂ ရက်က အ ကြမ်းဖက်ဖမ်းဆီးရာတွင် ကိုသန်း ဇော်ဌေးသည် တိုက်ပေါ်မှ ပြုတ် ကျသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ပြုတ်ကျခဲ့သော ကိုသန်းဇော်ဌေး ကို တာဝန်ရှိသူများက ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခြင်းမရှိဘဲ တာဝန်ပျက်ကွက်ခဲ့ကြောင်း ကို ရီးယားရောက် မြန်မာများကပြော သည်။

7Day

0 comments:

Post a Comment