Wednesday, July 24, 2019

မန္တလေးတွင် မီးလောင်မှုကြောင့် တရုတ်နိုင်ငံကူး လက်မှတ် (၃၀) ကျော် အပါအဝင် အဆောက်အဦ (၅) လုံးမီးလောင်




မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၃) လမ်း၊ ၇၅ လမ်း နှင့် ၇၆ လမ်းကြားရှိ နေအိမ်တစ်ခုတွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံကူး လက်မှတ် (၃၀) ကျော် အပါအဝင် အဆောက်အဦ (၅) လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ နေအိမ်အပေါ်ထပ်ရှိ သွယ်တန်းထားသည့် ဝါယာကြိုးအဟောင်းများ အပူလွန်ကဲ၍ မျက်နှာကြက်သို့ မီးကူးစက်လောင်ကျွမ်းရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ က သိရသည်။
မီးလောင်မှုကြောင့် နံကပ် (၂) ထပ် အဆောင် (၁) လုံး နှင့် ဆိုင်ကယ် (၆) စီး၊ (၂) ထပ် ပျဉ်ထောင်အိမ် အပေါ်ထပ် ၊ အာစီ (၃) ထပ်ရှိ ဒုတိယထပ်မှ အခန်းများ၊ အာစီ (၃) ထပ် တိုက်တန်း ဒုတိယထပ် အိပ်ခန်း၊ အာစီ (၄) ထပ်ရှိ ပထမထပ် နှင့် ဒုတိယထပ် အိပ်ခန်းများ စုစုပေါင်း ၂၄၈ သိန်းကျော် မီးလောင်ပျက်စီးခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟောင်းနွမ်းဆွေးမြေ့ဝါယာကြိုးများအား ပေါ့ဆစွာအသုံးပြုသည့် ဒေါ်တင်တင်ရွှေ (၈၂) နှစ်အား အမှတ် (၈) ရဲစခန်းတွင် (ပ)၆၀၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

The Fifth Wave News


0 comments:

Post a Comment