
အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေဟာ နျူကလီးယားလက်နက်ရှင် ပြိုင်ဘက် အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ပွဲအဖြစ် လုံးလုံးလျားလျား ရောက်သွားနိုင်တယ်လို့ ပါကစ္စတန်ဘက်ခြမ်းက အက်ဇက် ကက်ရှ်မီးယားဒေသ သမ္မတ ဆာဒါ မာဆွတ်ခန်းက သြဂုတ် ၂၀ ရက်မှာ သတိပေးခဲ့ပါတယ်။
သမ္မတ မာဆွတ်ခန်းက "စစ်ပွဲ အနည်းအကျဉ်း ရှိတယ်ဆိုရင် ထိန်းချုပ်လို့ရတဲ့ အခြေအနေ ဆက်ရှိနေမှာ မဟုတ်တာက အန္တရာယ်ပဲ၊ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက စစ်ပွဲက ကန့်သတ် ထိန်းချုပ်ထားတဲ့ စစ်ပွဲတရပ်အဖြစ် ဆက်ရှိနေမယ်ဆိုတဲ့ အတွေးအခေါ်က အင်မတန် ရူးမိုက်ရာကျတယ်" လို့ ပြောပါတယ်။
ကက်ရှ်မီးယားနယ်စပ်က ထိန်းချုပ်ရေးမျဉ်းကို ကျော်ပြီး အိန္ဒိယက ပစ်ခတ်ခဲ့လို့ လူ ၃၅ ယောက် သေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်၊ အိမ်တွေ ဆိုင်ခန်းတွေနဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးတယ်လို့လည်း သူက သတင်းထောက်တွေကို ဆက်ပြောပါတယ်။
လတ်တလောနှစ်တွေအတွင်း ထိန်းချုပ်ရေးမျဉ်းကို ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ တိုးလာပါတယ်။
နှစ်နိုင်ငံလုံးကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုကို ပုံမှန်အတိုင်း အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ စစ်ပွဲကြီး ၃ ကြိမ် တိုက်ခိုက်ခဲ့ဖူးပါတယ်။






0 comments:
Post a Comment