Wednesday, August 21, 2019

သီပေါမြို့နယ်၊ ၉ မိုင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်း သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Image may contain: text

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ၉ မိုင်လမ်းဆုံ၌ မော်တော် ယာဉ်ဖြတ်သန်း သွားလာမှုများကို စစ်ဆေးစဉ် သြဂုတ် ၁၉ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်လန် ရွာဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်ရန် သတိပေး ပြောဆိုခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးသွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ခြောက်လှန့်သတိပေး ပစ်ခတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ သတိပေးပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းနှင် ထွက်ပြေး သူနှစ်ဦးအနက် ကျောက်မဲမြို့နေ မျိုးမင်းထွေးတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဆိုင်ကယ် တူးဘောက် အတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိသူအား သီပေါမြို့ ပြည်သူ့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူ စေလျက်ရှိပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment