Monday, August 5, 2019

မန္တလေးမြို့ပေါ်မှ ဆိုင်ကယ် ၁၄ စီးခိုးယူခဲ့သူတို့အား ဖမ်းဆီးရမိ

Image may contain: outdoor

မန္တလေးမြို့ပေါ်မှ ဆိုင်ကယ် ၁၄ စီးခိုးယူခဲ့သူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သြဂုတ် ၆ ရက် (ယနေ့) နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၅-၇-၂၀၁၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် ပြည်ကြီး တံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန် မြို့နယ်၊ (က)ရပ်ကွက်၊၇၁လမ်းနှင့် သာယာဝတီမင်းကြီး လမ်းထောင့်ရှိ ရေမြောင်းကျူးတဲထဲတွင် မသင်္ကာဖွယ် လူငယ်(၂)ဦး သည် ဆိုင်ကယ်(၂)စီးနှင့်အတူ ရောက်ရှိနေကြောင်းသတင်းအရ ဝင်ရောက်စစ်မေးရာ ကျော်သက်(ခ)မျိုးကျော်နှင့် ကျော်ကျော်မိုး(ခ) ဖက်တီး တို့(၂)ဦးအား Honda Click အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်(၁)စီး၊ Honda Scoopyi အမျိုးအစား အနက်ရောင် ဆိုယ်ကယ်(၁)စီး၊ အရှည်(၂)ပေ (၆)လက်မခွဲ ခန့်ရှိ အစိမ်းရောင် ကတ်တာ(၁)ခုတို့နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများရှေ့မေးမြန်းရာ ၄င်းတို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၁လမ်း၊ ကျန်စစ်သားလမ်းနှင့် ဗန္ဓုလလမ်းကြားထဲရှိ နေအိမ်တိုက်တစ်လုံးအတွင်းမှ ခြံသော့အား ကတ်တာနှင့်ဖြတ်ပြီး ဆိုင်ကယ်(၂)စီးအား ခိုးယူလာကြောင်း ပြောပြသိရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်ရေးသွင်း သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၈၁၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့်ခဲ့ပြီး အမှုမှ တရားခံ(၂)ဦးအား အမှုကွင်းဆက်များ ဆက်လက်စစ်ဆေးရာ ၄င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်သူ ဖိုးကျော် နှင့်အတူ ဝေယံကျော် အား ဖမ်းဆီးရမိ ခဲ့သဖြင့် ဝေယံကျော်အား စစ်မေးရာ ခင်းဦးမြို့မရဲစခန်းတွင် ခိုးမှုဖြင့် အမှုဖွင့်ခံထားရကြောင်းနှင့် ၎င်းတို့သည် မန္တလေးမြို့ပေါ်နေရာ အသီးသီးမှ ဆိုင်ကယ် ၁၄ စီးခိုးယူခဲ့ကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
The Ladies News

0 comments:

Post a Comment