Thursday, August 8, 2019

ရသေ့တောင်မြို့နယ်၌ စိတ်ကြွဆေးပြား ၂၄၈၃၄၅၆ ပြား၊ လက်ပစ်ဗုံး/မိုင်းနှင့် လက်ကိုင်စကားပြောစက်များ ဖမ်းဆီးရမိ

No photo description available.

ရသေ့တောင်မြို့နယ်၌ စိတ်ကြွဆေးပြား ၂၄၈၃၄၅၆ ပြား၊ လက်ပစ်ဗုံး/မိုင်းနှင့် လက်ကိုင်စကားပြောစက်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက် နေ့လည် ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် သတင်းအရ ရသေ့တောင်မြို့နယ် နယ်မြေ(၁၁) ရက်ခုံတိုင်ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်(၄၈)နှစ် ရခိုင်/ဗုဒ္ဓ (ဖ)ဦးစိုးထွန်းသာ၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်း၌ အဝါရောင်ပီနံအိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၂၄၈၃၄၅၆ ပြား၊ ARAKAN ARMY လက်မောင်းတံဆိပ် ၁ စုံ၊ ရင်ဘတ်တံဆိပ် ၁ ခု၊ တရုတ်လက်ပစ်ဗုံး ၃၆ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး၊ Icom စကားပြောစက် ၅၂ လုံး၊ ရခိုင်ပြည်နယ်တံဆိပ်ပါ ဘေးလွယ်အိတ် ၁ လုံးအား သိမ်းဆည်း ရမိကြောင်း၊ တရားခံများ တိမ်းရှောင်နေသဖြင့် ဦးစံသာကျော် (ဖမ်းမမိ)အား ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit
The Ladies News

0 comments:

Post a Comment