Thursday, August 8, 2019

"ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်က အတည်ပြုလိုက်ပြီ"

No photo description available.
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို သည်ကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရာမှာ ထောက်ခံဆန္ဒမဲများတာကြောင့် လွှတ်တော်ကနေ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ကော်မတီရဲ့အစီရင်ခံစာကို ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်းက လွှတ်တော်ကနေ အတည်ပြုပေးဖို့ သည်ကနေ့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။သည့်အတွက် လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၄၀၁ မဲ၊ကန့်ကွက်မဲ ၁၉၇ မဲ ၊ကြားနေမဲ မရှိ ဖြင့် အတည်ပြုနိုင်ခဲ့ပါတယ်။
အခုလို လွှတ်တော်ကနေ အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ကော်မတီအနေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ ၊အစိုးရအဖွဲ့ကိုယ်စားလှယ်တွေ၊ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းကာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်ကို ဆက်လက်ရေးဆွဲကာ လွှတ်တော်သို့ တင်သွင်းသွားရဦးမှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃,၇၆၅ ချက်ကို စုစည်းပြီး ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
Author - မာရီခိုင်

0 comments:

Post a Comment