Thursday, August 8, 2019

ရေးမြို့နယ်ရှိ အနိမ့်ပိုင်းကျေးရွာများ ရေနစ်မြုပ်နေ

Image may contain: sky, outdoor, nature and water
မွန်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သြဂုတ်(၉)ရက် မနက်ပိုင်းက ရေးမြို့နယ်အတွင်း ရေကြီး ရေလျှံတာတွေဖြစ်နေပါတယ်။

 ရေးချောင်းဖျားမှာရေများလာပြီး မြစ်ရေတိုးလာတဲ့အတွက် အနိမ့်ပိုင်းနေရာတွေ မှာရေဝင်ရောက်နေပါတယ်။ ရေးမြို့ရှိ စိတ်ကြိုက်ရပ်နဲ့ ဓနိတောရပ်မှာ နေထိုင်သူတွေလည်း ရေဘေး ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့နေပြီလို့သိရပါတယ်။ ရေးကမ်းနားလမ်း၊ မြို့မဈေး၊ အောင်သုခ၊ အောင်မင်္ဂလာ၊ အောင်မေတ္တာရပ်တွေရဲ့ အနိမ့်ပိုင်းရေနေရာတွေမှာလည်း ရေတွေဝင်ရောက်နေပါတယ်။ 
ဒ့ါအပြင်ရေးမြို့နယ်ရှိ ကျောင်းရွာကျေးရွာနဲ့ ဟံဂံကျေးရွာတွေမှာလည်း ရေကြီးရေလျှံတာတွေဖြစ်နေပြီး ဟံဂံကျေးရွာက အနိမ့်ပိုင်းအိမ်တချို့ လုံးဝနစ်မြုပ်နေပြီးဖြစ်ပါတယ်။
Image may contain: outdoor
Image may contain: sky, outdoor, water and nature
Image may contain: one or more people, people walking, people standing and outdoor
Image may contain: one or more people, outdoor and nature
Image may contain: outdoor, nature and water
သတင်း - အာကာကျော်ထွန်း
Source Photo - အောင်နိုင်ဝင်း (ရေးတော်ဝင်သတင်းလွှာ)

0 comments:

Post a Comment