တောင်ကြီးမြို့မှ Case ၆၅၂ နှင့်အတူ လေယာဉ်အတူ စီးလာသူ ၃၃ ဦးရှိကာ ၎င်းတို့အား လိုက်လံဆက်သွယ်နေကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
သြဂုတ်လ ၁၈ ရက်က ရန်ကုန်မှ ဟဲဟိုးသို့ Case ၆၅၂ နှင့်အတူ လေယာဉ်စီးလာသူများအား Facility Quarantine ထားရှိကာ ဓါတ်ခွဲနမူနာများယူကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
"သူ့မိသားစုတွေကိုလည်း သူ(Case ၆၅၂)နဲ့ အတူတူ Swab ယူပြီး ပေးပို့ စစ်ဆေးလိုက်တယ်။ သူ့မိသားစုက Negative ပြတယ်" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက် တာဇဝနကိုက မဲခေါင်သတင်းဌာနသို့ ပြောသည်။
Case ၆၅၂ ၏ မိသားစုဝင် ၅ ဦးအား Home Quarantine ထားရှိကာ ထပ်မံ၍ ဓါတ်ခွဲနမူနာများယူကာ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ " သူ(Case ၆၅)က တောင်ကြီးမှာတော့ လူအများကြီးရှိတဲ့နေရာတွေကို သွားလာတာ မရှိဘူးလို့ သိရတယ်" ဟု ဒေါက်တာ ဇဝနကိုက ပြောသည်။
Caes ၆၅၂ သည် Case ၄၇၇ နှင့် ထိတွေ့မှုရှိခဲ့သူဖြစ်ပြီး Case ၆၅၂ အား သြဂုတ် ၂၆ ရက် ညပိုင်းက စဝ်စံထွန်းဆေးရုံတွင် Facility Quarantine ထားရှိခဲ့ကြောင်း သိရသည်။ Case ၆၅၂ နေထိုင်သော ညောင်ဖြူစခန်းရပ်ကွက်ရှိ နေအိမ်နှင့် မြင့်မိုရ်လမ်းသွယ်(၅)ကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ပိုးသတ်ဆေး ဖျန်းခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
Case ၆၅၂ အား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၊ သီးသန့်ဆောင်တွင် ထားရှိထားကြောင်း သိရသည်။
သြဂုတ်လ ၂၉ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် Case ၆၅၂ သည် တောင်ကြီးမြို့မှဖြစ်ကြောင်း သိရသည်။
Ref ; MeKong News
0 comments:
Post a Comment