Saturday, August 29, 2020

ရခိုင်၊ ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်တို့တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆွစ်ဇာလန် ပုဂ္ဂလိကအဖွဲ့အစည်း Roche က Cobas LIAT စက်များ တပ်ဆင်ပေးမည်

ရခိုင်၊ ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်များတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆွစ်ဇာလန် ပုဂ္ဂလိက အဖွဲ့အစည်း Roche က Cobas LIAT စက်များ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E.MR. TIMENDERLIN တို့ တွေ့ဆုံစဉ် သံအမတ်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးက ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဆွစ်ဇာလန်ပုဂ္ဂလိက အဖွဲ့အစည်းဖြစ်သည့် Roche မှ Cobas LIAT စက်များ တပ်ဆင်ပေးပြီး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ၊ Novartis Access Program Initiatives က ဆောင်ရွက်လျက်ရှိသည့် မကူးစက်နိုင်သော ရောဂါများနှင့် ပတ်သက်သော စီမံကိန်းများ အဆိုပြု ပြောကြားခြင်း ကိစ္စများ၊ ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ခွင့်ပြုနိုင်ရေး ကိစ္စနှင့် International School များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး ကိစ္စတို့ကို ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဆွစ်ဇာလန်ပုဂ္ဂလိက အဖွဲ့အစည်းဖြစ်သည့် Roche မှ Cobas LIAT စက်များ တပ်ဆင်ပေးပြီး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စနှင့် Novartis Access Program Initiatives ၏ လုပ်ငန်းများသည် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိမည့် ကိစ္စရပ်များ ဖြစ်သဖြင့် မူအားဖြင့် သဘောတူပါကြောင်း၊ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်ညွှန်ကြားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် COVID-19 လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေမှုအပေါ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး ဗဟိုကွင်းဆင်းအဖွဲ့၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တွင် ‘မိမိဆန္ဒအလျောက် ယာယီတာဝန် ထမ်းဆောင်မည့်’ အထူးကုဆရာဝန်၊ ဆရာဝန်၊ ဓာတ်ခွဲပညာရှင်၊ သူနာပြုနှင့် ကုသမှု အထောက်အကူပြု ပညာရှင်များနှင့် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ပို့ဆောင်နေမှု၊ မြန်မာနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် လက်ရှိ COVID-19 ဖြစ်ပွားမှုအခြေအနေနှင့် ဆောင်ရွက်နေသော လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့ Rapid Response Team ကို သြဂုတ် ၁၇ ရက်မှစတင်၍ ရခိုင်ပြည်နယ်သို့ စေလွှတ်ကာ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နေကြောင်း၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်သူများအား ရှာဖွေဖော်ထုတ်၍ သတ်မှတ်ထားသော နေရာများတွင် အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်း၊ အနီးကပ်ထိတွေ့ သူများနှင့် ထပ်ဆင့်ထိတွေ့ သူများအား ရှာဖွေဖော်ထုတ်၍ ကနဦး အနေဖြင့် နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများ ထားရှိသည့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ဆရာဝန်များ၊ သူနာပြုများ၊ ရောဂါကာကွယ်ရေး ဝတ်စုံများ၊ ဓာတ်ခွဲနမူနာများ ရယူရာတွင် လိုအပ်သည့် Viral Transport Medium – VTM အပါအဝင် အခြားဆေးနှင့် ဆေးပစ္စည်းများ အလုံအလောက် ပံ့ပိုးထားခြင်းနှင့် ရခိုင်ပြည်နယ်ရှိ ဓာတ်ခွဲအတည်ပြု လူနာအများစု တွေ့ရှိရသည့် စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် မိမိတို့နေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သြဂုတ် ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခြင်းတို့ လုပ်ဆောင်ထားကြောင်း သိရသည်။
#Cobas LIATစက် #Covid19
crd - Eleven
>>zawgyi<<

Saturaday, Aug 29, 2020

0 comments:

Post a Comment