Saturday, August 29, 2020

တောင်ကြီးမြို့ ၊ ညောင်ဖြူစခန်းရပ်ကွက်မှ လူနာနံပါတ် (၆၅၂) နေထိုင်သည့်နေအိမ်ကို Lockdown ချ

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအမှတ် (၆၅၂) နေထိုင်ခဲ့သည့် တောင်ကြီးမြို့ ပေါ်ရှိ ညောင်ဖြူစခန်းရပ်ကွက်၊ မြင့်မိုရ်လမ်းသွယ်(၅)မှ ၎င်း၏နေအိမ်ကို သြဂုတ်လ ၂၉ရက် မနက်ပိုင်းတွင် Lockdown ချထားလိုက်ပါသည်။ အဆိုပါလူနာသည် Case-၄၇၇ နှင့် အနီးကပ် ထိတွေ့မှုရှိခဲ့သည့်အတွက်ကြောင့် သြဂုတ်လ (၂၅)ရက်တွင် Quarantine Center တွင် ထားရှိပြီး လူနာ၏ မိသားစုကိုလည်း အသွားအလာကန့်သတ်ထားခြင်းဖြစ်ပါသည်။
" သြဂုတ်လ (၂၉)ရက် ဒီမနက်ပိုင်းမှာတော့ လူနာနံပါတ် (၆၅၂)ကို Quarantine Center ကနေ စဝ်စံထွန်း ဆေးရုံမှာ ရွှေ့ပြောင်းပြီး ဆေးကုသမှုခံယူဖို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်၊ လူနာရဲ့ မိ သားစုဝင်တွေတော့ အားလုံး Negative ထွက်ပါတယ်" လို့ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က NRC ကို ပြောပါသည်။ လူနာနံပါတ် (၆၅၂)နှင့်အတူ လေယာဉ်စီးနင်းလိုက်ပါလာသည့် ပုဂ္ဂိုလ်များကိုလည်း အဆက်အသွယ်ရရှိထားပြီး Quarantine ဝင်ရန်နှင့် ဓာတ်ခွဲနမူနာ ရယူရန် ဆောင်ရွက်ထားပြီး လူနာနှင့် ထိတွေ့ ခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း ထပ်မံစိစစ်ဖော်ထုတ်နေကြောင်း သိရပါသည်။ အဆိုပါ လူနာနံပါတ် (၆၅၂) နေထိုင်သည့်အိမ်နှင့် အနီးနား ပတ်ဝန်းကျင်များကို လူမှုအဖွဲ့အစည်းများမှ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

Ref ; MRTV

0 comments:

Post a Comment