ကယားပြည်နယ်တွင် တရုတ်နိုင်ငံ အခြေစိုက် Global South Industrial Company Limited ကအကောင် အထည်ဖော်နေသော သတ္တုကျိုချက် သန့်စင်စက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် ထိခိုက်နစ်နာစေသော အချက်များ လေ့လာတွေ့ရှိကြောင်း ကရင်နီ အကြီးစားရင်းနှီးမြုပ်နှံမှု စောင့်ကြည့်ရေးကွန်ရက်( KMIW) က ထောက်ပြလိုက်သည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်နေသော ကုမ္ပဏီအနေနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို လပ်ဆောင်ခြင်းမရှိဘဲ စီမံကိန်းစတင်နေခြင်း ဖြစ်ကြောင်း KMIW က ခွန်းအင်ဂျလို ပြောကြားသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ၂၀၁၉ ဇူလိုင် လ အတွင်းက လုပ် ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေး ခဲ့ခြင်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံ လုပ် ဆောင်ခြင်း မရှိဘဲလိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ရင်းနှီးမြုပ်နှံခွင့် ပြုသည့် ဖြစ်စဉ်တလျောက်လုံး ရိုးသားခြင်း မရှိကြောင်း KMIW ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ယင်း သတ္တုကျိုချက် သန့်စင်စက်ရုံ စီမံကိန်း ကို တရုတ်နိုင်ငံအခြေစိုက် Hunan Global South Co.ltd မှ၉၀ရာခိုင်နှုန်း နှင့် ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သော ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက် မှ ဆယ်ရာ ခိုင်နှုန်းစီ အကျိုးတူရင်းနှီးမြုပ်နှံထားခြင်းဖြစ်သည်။
ယင်းစီမံကိန်း ၏ ရင်းနှီးမြုပ်နှံမှု ပမာဏတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ ထိရှိကြောင်း သိရှိရသည်။
အဆိုပါ စက်ရုံ မှာ ခဲမဖြူ ၊အဖြိုက်နက် စသည့် သတ္တုများကို သန့်စင်မည်ဖြစ်ပြီးကယားပြည်နယ်၊လွိုင်ကော် မြို့စက်မှုဇုန် အပိုင်း (၂)ရှိ မြေ ၁၁၃ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ စီမံကိန်း တည်ဆောက်မှု မှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခွန်းအင်ဂျလိုကပြော ဆိုသည်။
ယင်းစီမံကိန်းပြီးစီး၍စတင် လည်ပတ်ချိန်တွင် နှစ်စဉ် လျှပ်စစ် မီဂ္ဂါဝပ် ၂၇၈၀၀MWhr အသုံးပြုမည်ဖြစ်ပြီး နှစ်စဉ်ရေဂါလံ သန်း၅၀ ကျော်အသုံးပြုရမည့် စီမံကိန်း တစ်ခုလည်းဖြစ်သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ကရင်နီ အကြီးစားရင်းနှီးမြုပ် နှံမှု စောင့်ကြည့်ရေး ကွန်ရက်( KMIW)က အစီရင်ခံစာတစ်စောင် ကို သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး “ပူးပေါင်းကြံစည်မှု” ဟုအမည်ပေးထားကာ သတ္တုထုတ်လုပ်မှု ကဏ္ဍစီမံကိန်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များနှင့်ပတ်သက်ပြီးထောက် ပြထားသည်။
Ref ; Khit Thit Media
0 comments:
Post a Comment