Friday, August 28, 2020

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် အမိန့်စာမှာ ရုံးစာအတုဖြစ်ကြောင်းအသိပေးကြေညာချက်ထုတ်ပြန်

လတ်တလော လူမှုကွန်ရက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုလာမှုများအား ဆောင်ရွက်မပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အဖြစ် ရုံးစာအတု (၁) စောင် ပျံ့နှံလျက်ရှိသည်။
အဆိုပါ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပူးတွဲပါ ညွှန်ကြားချက်မှာ ရုံးစာအတု ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ညွှန်ကြားချက်၊ အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါကြောင်း အသိပေးကြေညာအပ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

0 comments:

Post a Comment