Saturday, August 29, 2020

မော်လမြိုင် ကိုဗစ်လူနာနှင့် ထိတွေ့သူ ၇၄ ဦးကို ပထမအကြိမ်စစ်ဆေးရာတွင် ရောဂါပိုးမတွေ့

မော်လမြိုင်က ကိုဗစ်-၁၉ လူနာနဲ့ အဓိကထိတွေ့ခဲ့တဲ့သူ ၇၄ ဦးအား ပထမအကြိမ် ရောဂါပိုး စစ်ဆေးရာ ပိုးမတွေ့ရဘူးလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်လူနာအမှတ် ၄၈၂ နဲ့ ထိတွေ့သူ ၇၄ ဦးကို သြဂုတ် ၂၆ ရက်နဲ့ သြဂုတ် ၂၇ ရက်တွေမှာ ပထမအကြိမ် ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးခဲ့တာပါ။
မော်လမြိုင်က ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို အသွားအလာကန့်သတ်ထားတဲ့ စောင့်ကြည့်ရက် ၂၁ ရက်မတိုင်မီ ၅ ရက်အလိုမှာ ဒုတိယအကြိမ် ရောဂါပိုး ရှိ၊ မရှိ ထပ်မံ စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
အခုအခါ မော်လမြိုင်က လူနာအမှတ် ၄၈၂ နေထိုင်ရာ မော်လမြိုင် သိမ်ကုန်းရပ်ကွက်ကို အသွားအလာကန့်သတ်ပြီး lock down ပြုလုပ်ထားတာပါ။
မော်လမြိုင်က ကိုဗစ်-၁၉ လူနာဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ပြန်လာတဲ့ မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ ပညာရေးဝန်ထမ်း အမျိူးသမီးတဦး ဖြစ်ပါတယ်။
Ref ; DVB

0 comments:

Post a Comment