Friday, August 28, 2020

အမေရိကန်နိုင်ငံမှ မြောက်ကိုရီးယားဟက်ကာများနှင့် ဆက်နွှယ်နေသည့် cryptocurrency အကောင့် ၂၈၀ အား သိမ်းယူရန် ကြိုးပမ်း

ဩဂုတ်လ ၂၇ ရက်နေ့တွင် အမေရိကန်နိုင်ငံသည် cryptocurrency အကောင့် ၂၈၀ အား သိမ်းယူရန် ကြိုးပမ်းဆောက်ရွက်ခဲ့ပြီး အဆိုပါအကောင့်များအား လျှို့ဝှက် ငွေကြေးတိုကင်စနစ် virtual exchange နှစ်ခုမှ cryptocurrency ဒေါ်လာပေါင်းများစွာ ခိုးယူခဲ့သည့် မြောက်ကိုရီးယားဟက်ကာများနှင့် ငွေမည်းခဝါချမှုများ ပြုလုပ်ရန် တရုတ် ကုန်သည်များမှ အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်တရားရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယားနိုင်ငံကိုယ်စား cryptocurrency ဒေါ်လာ သန်း ၁၀၀ ကျော် ငွေမည်းခဝါချခဲ့သည်ဆိုသော စွပ်စွဲချက် ဖြင့် တရုတ်နိုင်ငံသားနှစ်ဦးအား မတ်လက တရားစွဲဆိုခဲ့ပါသည်။
အစောပိုင်းတရားစွဲဆိုမှုတွင် မြောက်ကိုရီးယားနိုင်ငံသည် အရေးယူမှုများကို ရှောင်ရှားရန် ဟက်ကာများအသုံးပြုခဲ့ကြောင်း အမေရိကန်အာဏာပိုင်များမှ အသေးစိတ် ဖော်ပြထားပါသည်။
ယနေ့လုပ်ဆောင်မှုသည် မြောက်ကိုရီးယားနိုင်ငံ၏ cyber-hacking အစီအစဉ် နှင့် တရုတ် cryptocurrency ငွေမည်းခဝါချမှု ကွန်ယက်ကြား ဆက်စပ်နေမှုများကို လူသိရှင်ကြားထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဌာန၏ လက်ထောက်ရှေ့နေချုပ် Brian Rabbitt မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
Bitcoin နှင့် Ether ကဲ့သို့ cryptocurrency များအား mining ဟုခေါ်သော ကွန်ပျူတာလုပ်ငန်းစဉ်မှ ဖန်တီးထားပြီး ထိုကဲ့သို့ လုပ်ဆောင်ရန် အရည်အသွေး ကောင်းမွန်သည့် hardware လိုအပ်ပါသည်။
၎င်းတို့အား ထုတ်လုပ်ပြီးသည်နှင့်အမျှ ငွေမည်းခဝါချမှုနှင့် အရေးယူပိတ်ဆို့မှုများ ချိုးဖောက်ခြင်းကဲ့သို့သော တရားမဝင်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အမေရိကန် ဒေါ်လာကဲ့သို့သော အခြားသောငွေကြေးများနှင့် အမည်မသိသော အွန်လိုင်း platform များတွင် လဲလှယ်မှုများ ပြုလုပ်နိုင်ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များနှင့်ပတ်သက်၍ ရန်ပုံငွေရရှိနေမှုကို ရပ်တန့်စေရန် ၂၀၁၆ ခုနှစ်မှစ၍ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။
Source : Reuters
“U.S. seeks to seize 280 cryptocurrency accounts tied to North Korean hacks”

0 comments:

Post a Comment