ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုတွင်နေထိုင်သူတစ်ဦးမှာ လွန်ခဲ့သော (၅)ရက်ခန့်က ရခိုင်ပြည်နယ်အမ်းမြို့မှ ပြန်လာသည့်အတွက်သြဂုတ်လ(၂၈)ရက်၊ညပိုင်းက မအူပင်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ထားရှိစဉ် ထွက်ပြေးခဲ့ရာ ယင်း ဖြစ်စဉ်မျိုး နောင်မဖြစ်ပေါ်စေရန်လုံခြုံရေးအတွက်ရဲဝန်ထမ်းအစောင့်လိုအပ်နေကြောင်းမအူပင်မြို့ပြည်သူ့ဆေးရုံ၊ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်ကပြည်မြန်မာကို သြဂုတ်လ၂၉ရက်ကပြောသည်။
"ရခိုင်ပြန်တစ်ဦး မနေ့ညကဆေးရုံလာပို့ဆောင်တာဟုတ်ပါတယ်၊ထွက်ပြေးသွားတယ်ဆိုတာ သူကလူကောင်းအတိုင်းပဲသန်သန်မာမာပဲဆိုတော့ ဆေးရုံတာဝန်ကျအစောင့်တွေကိုထိုးပြီးထွက်ပြေးတာပါ၊သူကကိုယ်ပူဖျားနာရုံလောက်ဆိုတော့သန်မာလို့ထိုးကျိတ်ထွက်ပြေးလို့ရတာပါ၊ သူကိုပြန်ဖမ်းမိပါပြီ၊သီးသန့်အ ခန်းမှာထားပါတယ်၊ခုကာလမှာကိုဗစ်ရောဂါအခြေအနေအရစောင့်ကြည့်ဖို့ဆေးရုံတွေကိုလူနာအဖြစ်ပို့ဆောင်မှု့အပေါ်မှာလိုအပ်တာတာက အဲ့ဒီလူနာတွေကိုလုံခြုံရေးအရစောင့်ကြည့်ပေးဖို့ ရဲဝန်ထမ်းလိုအပ်ပါတယ်" ၎င်းကပြောသည်။
ယခုအခါ၎င်း၏ဓါတ်ခွဲနမူနာကို ညတွင်းချင်းရယူ၍ ရန်ကုန်မြို့၊အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးမှုများပြုလုပ်ထားကြောင်းသိရသည်။
Ref ; MRTV
0 comments:
Post a Comment