Saturday, August 29, 2020

မြစ်ကြီးနားမြို့၌ KTV နှင့် Club များ ရှောင်တခင်စစ်ဆေးပြီး ဖွင့်လှစ်နေကြောင်းတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်းအသိပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အတွင်း၌ KTV နှင့် Club တို့ကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး ဖွင့်လှစ်နေကြောင်း တွေ့ရှိက ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီး နားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ကိုဗစ် – ၁၉ ထိန်းချုပ်ကာကွယ်ရေး လမ်းစဉ်အရ လက်ရှိတွင် KTVနှင့် Club တို့ကို တရားဝင်ဖွင့်လှစ်ခွင့် ယာယီရပ်ဆိုင်းထားပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ရှောင်တခင်လိုက်လံစစ်ဆေး သွားမည်ဖြစ်ရာ ဖွင့်လှစ်နေကြောင်းတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းဝင်းက ဆိုသည်။
ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ မပြုလုပ်မီ လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူကာ ကြိုတင်အသိပေးခြင်းနှင့် လုပ်ငန်းရှင်များ ကိုယ်တိုင်ခံဝန်ကတိလက်မှတ်ရေး ထိုးထားပြီ ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန်သတ်ချက်များကို ဧပြီလကတည်းက Bar၊ Club၊ KTV တို့ကို ဖွင့်လှစ်ခွင့် ယာယီပိတ် ထားခဲ့သော်လည်း လက်ရှိတွင် Bar နှင့် စားသောက်ဆိုင် များကို ည(၁၁) နာရီအထိ ဖွင့်လှစ်ခွင့် ပေးထားကြောင်း သိရသည်။
crd - People Media
>>zawgyi<<

Saturaday, Aug 29, 2020

0 comments:

Post a Comment