မနေ့က ဩဂုတ်လ ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရေကျော် စီးတီးမတ် အမျိုးသမီးသန့်စင်ခန်းထဲမှာ အမျိုးသမီးငယ်တစ်ဦးက အမျိုးသမီးကြီးတစ်ဦးကို ဒဏ်ရာရအောင် ပြုလုပ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမျိုးမျိုး အသံထွက်နေပြီး ယခုလည်း ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစုကတင်တဲ့ပိုစ့်တစ်ခု လူမှုကွန်ရက် စာမျက်နှာမှာ ပျံနှံနေပါတယ်။
"ကျွန်မ အမေ က city mark ကို စျေးဝယ်သွားရင် Toilet. ဝင်တတ်ပါတယ် ဆီချိုရောဂါရှိလို့ ဆီခဏခဏသွားပါတယ်. City mark ကလဲ ရပ်ကွက်ထဲ ဆိုတော့ သူတယောက်ထဲ သွားနေကြပါ.အမေ က အိမ်သာသွားပြီး လက်ဆေး နေတုံး ကောင်မလေး တယောက်က အန်တီကြီး ဖုံးကျန်ခဲ တယ်ပြောပြီးလှမ်းခေါ်ပါတယ် အမေက လဲ ဟုတ်တယ်ထင်ပြီး အိမ်သာအဝ သွားကြည့်ပါတယ် အဲ့အချိန်မှာ ကောင်မလေးက အိမ်သာထဲ အတင်း ဆွဲခေါ်ပြီး ဒါး နဲ့ ထောက်ထားပါတယ်.လည်ပင်းက ဆွဲကြိုးကို အတင်း ဆောငိ့ဆွဲပါတယ်.အမေ က သမီးရယ် အမေကို အသက်ချမ်းသာပေးပါ အမေ့မှာ ဆယ်တန်းဖြေမယ့်မြေးလေး ရှိသေးလို့ မသေချင်သေးပါဘူး.သမီးလိုချင်တာ အမေ ပေးပါမယ် လို့ပြန်ပြောပါတယ်.အဲ့ အချိန်မှာ လက်ထဲက ပိုက်ဆံအိတ်က လွတ်ကြသွားလို့ ကုန်းကောက်ပြီး ကောင်မလေး မမြင်အောင် တံခါးချက်ဖွင့်ပါတယ်တဲ့ ကောင်မလေးက မြင်ပြီး ဂျက်ပြန်ပိတ်ပြီး လည်ပင်းကို ဒါးနဲ့ ထိုးလိုက်ပါတယ် အဲ့အချိန်မှာ လည်ပင်းကသွေးတွေဆီးကျ လာတော့ အိမ်သာထဲက တစ်ရှူးနဲ့ သုပ်ခိုင်းပါတယ်.သွေးတွေကအရမ်းများပြီး မထိန်းနိုင်တော့ အိမ်သာ အပြင်ရောက်ကုန်တော့ အိမ်သာလာတဲ့ သူတွေ မြင်ပြီး ကုန်းအော်တော့မှ အမေ့ ကို ဘယ်ဘက်လည်ပင်းကို တခါ ထပ်ထိုးပါတယ်.အမေ ကအော်ပြီး လူတွေကလဲ အတင်း ရောက်လာတော့မှ အိမ်သာ တံခါးဖွင့်ပေးတါပါ. အခု ကျွန်မ အမေ ရန်ကုန်ဆေးရုံကြီး မှာ အရေးပေါ် လည်ပင်း ခွဲစိတ်ခန်း ဝင်ပြီး ပြန်ထွက်လာခါ စပါ. သေချာမသိပဲ သတင်းအမှားတွေ မတငိပါနဲ့ရှင်. မတရားခံရတာက ကျွန်မအမေပါ အသက်အန္တရာယ်စိုးရိမ်ရပါတယ်.သက်သေခံ ဒါးအပြားအကျိုးကလေးကလဲ အမေ အက်ျိနဲ့ ကပ်ပါလာပါတယ်.သက်သေခံဒါးကို လဲ နယ်မြေ ခံ ဒုရဲအုပ်ကို အပ်ပြီးပါပြီး. အသက်ကြီးတဲ့ အမေ အိုကြီးကို မတရား လုယက် ခြိမ်းခြောက် လုပ်ကြံတဲ့ ရာဇဝတ်မှုပါ.တရားခံ ကို အမှုပေါ့လျှော့အောင် သေချာမသိပဲ လျှောက်မတင်စေချင်ပါဘူး.ကျွန်မ အမေကြီးရဲ့ သမီးပါ မတရားတင်ထားတဲ့ post တွေ ပြန်ဖျက်ပေးပါ.ဒီရာဇဝတ်မှုကို ထိထိ ရောက်ရောက် အရေးယူလို့ရအောင် ဆက်ပြီး လုပ်ဆောင်မှာပါ.အသက်ငယ်ပေမဲ့ အကြောက်မရွံ သူတပါး ပစ္စည်း ကို အချောင်လိုချင်တဲ့ သူကို ထိုက်သင့်တဲ့ အပြစ်ခံယူ စေချင်ပါတယ်.ကျွန်မအမေလဲ ရန်ကုန်ဆေးရုံကြီး မှာ အော်ပရေးရှင်း ဝင်ပြီး စိတ်ချ ရတဲ့ အနေအထားမရှိသေးပါဘူးရှင်.
Crd : Zar Lay
0 comments:
Post a Comment