အောင်ဘာလေသိန်းဆု ဌာနခွဲ (ရန်ကုန်) မှ ဝန်ထမ်းတစ် ဦးတွင် COVID-19 ရောဂါပိုး တွေ့၍ ယင်းနှင့်ထိတွေ့သူ ဝန်ထမ်း ၂၀ ကျော်အား Quarantine ထားရှိစောင့်ကြည့်နေကြောင်း သိရပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ရုံး၏ စတိုခန်းမှ အငယ်တန်းစာရေးတစ်ဦးမှာ စစ်တွေမှလာရောက်သည့် သူငယ်ချင်းတစ်ဦးနှင့် ထိတွေ့ခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာမှ သြဂုတ် ၂၇ ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အကြောင်းကြားကာ ၎င်းဝန်ထမ်းနှင့်အလုပ်အတူလုပ်သည့် ဝန် ထမ်းများအား သြဂုတ် ၂၈ ရက် တွင် Quarantine ထားရှိစောင့်ကြည့်နိုင်ရန် စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ရုံးအတွင်းရှိ ဝန်ထမ်းအားလုံးကိုလည်း ဓာတ်ခွဲနမူနာရယူ၍ ကျန်းမာရေးစစ်ဆေးရန်အတွက် စီစဉ်နေသည်ဟု ဦးညီ ညီလှိုင်ကဆိုသည်။ အဆိုပါ အောင်ဘာလေသိန်းဆုဌာန (ရန်ကုန်) ရုံးတွင် လစဉ်ထီဖွင့်ပွဲပြုလုပ်နေပြီး ထီဆုငွေများကို ထုတ်ပေးနေသည့်ရုံးလည်းဖြစ်သည်။ ယခုကဲ့သို့ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ ခြင်းကြောင့် စက်တင်ဘာ ၁ ရက် တွင် ပြုလုပ်မည့်ထီဖွင့်ပွဲကို ရွှေ့ ဆိုင်းရန်မရှိကြောင်း ဦးညီညီလှိုင် ကပြောသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့်ရုံးဝန်ထမ်းများအား Quarantine ဝင်ရောက်နိုင်ရန်သာ ကျန်းမာရေးဌာနက ခေါ် ဆောင်သွားပြီး ယင်းရုံးကို Lock-down ချထားခြင်းမရှိကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကဆိုသည်။
Crd - 7 Days
>>zawgyi<<
စစ်တွေပြန်သူငယ်ချင်းတစ်ဦးနှင့်ထိတွေ့ခဲ့တဲ့ အောင်ဘာလေထီရုံးဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိရပြီး ၎င်းနှင့်ထိတွေ့ဝန်ထမ်းအားလုံး Quarantine ထားရှိ
Saturaday, Aug 29, 2020
အောင်ဘာလေသိန်းဆု ဌာနခွဲ (ရန်ကုန်) မှ ဝန်ထမ်းတစ် ဦးတွင် COVID-19 ရောဂါပိုး တွေ့၍ ယင်းနှင့်ထိတွေ့သူ ဝန် ထမ်း ၂၀ ကျော်အား Quarantine ထားရှိစောင့်ကြည့်နေကြောင်း သိရပါတယ်။ အောင်ဘာလေသိန်းဆုဌာန ခွဲ (ရန်ကုန်) ရုံး၏ စတိုခန်းမှ အငယ်တန်းစာရေးတစ်ဦးမှာ စစ်တွေမှလာရောက်သည့် သူငယ်ချင်းတစ်ဦးနှင့် ထိတွေ့ခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာမှ သြဂုတ် ၂၇ ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အကြောင်းကြားကာ ၎င်းဝန်ထမ်းနှင့်အလုပ်အတူလုပ်သည့် ဝန် ထမ်းများအား သြဂုတ် ၂၈ ရက် တွင် Quarantine ထားရှိစောင့်ကြည့်နိုင်ရန် စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ရုံးအတွင်းရှိ ဝန်ထမ်းအားလုံးကိုလည်း ဓာတ်ခွဲနမူနာရယူ၍ ကျန်းမာရေးစစ်ဆေးရန်အတွက် စီစဉ်နေသည်ဟု ဦးညီ ညီလှိုင်ကဆိုသည်။ အဆိုပါ အောင်ဘာလေသိန်းဆုဌာန (ရန်ကုန်) ရုံးတွင် လစဉ်ထီဖွင့်ပွဲပြုလုပ်နေပြီး ထီဆုငွေများကို ထုတ်ပေးနေသည့်ရုံးလည်းဖြစ်သည်။ ယခုကဲ့သို့ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ ခြင်းကြောင့် စက်တင်ဘာ ၁ ရက် တွင် ပြုလုပ်မည့်ထီဖွင့်ပွဲကို ရွှေ့ ဆိုင်းရန်မရှိကြောင်း ဦးညီညီလှိုင် ကပြောသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့်ရုံးဝန်ထမ်းများအား Quarantine ဝင်ရောက်နိုင်ရန်သာ ကျန်းမာရေးဌာနက ခေါ် ဆောင်သွားပြီး ယင်းရုံးကို Lock-down ချထားခြင်းမရှိကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကဆိုသည်။
Crd - 7 Days
0 comments:
Post a Comment