နော်ဝေအဆင့်မြင့် သံတမာန်တစ်ဦးအား ရုရှားနိုင်ငံမှ နှင်ထုတ်ခဲ့ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြီးခဲ့သောသောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ “မိမိတို့၏ သံတမာန်တစ်ဦးကို ရုရှားနိုင်ငံတွင် မလိုလားအပ်သူတစ်ဦးအဖြစ် ကြေညာခဲ့ပြီး မော်စကိုရှိနော်ဝေသံရုံးအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြောင်း ကြားခဲ့ကြောင်း၊ အဆိုပါလုပ်ရပ်မှာ မည်သို့မှျ အဓိပ္ပာယ်မရှိကြောင်း၊ မိမိတို့သံတမာန် သည် မည်သည့်စည်းမျဉ်း စည်းကမ်းကိုမျှ ချိုးဖောက်ခြင်းမရှိသည့်အပြင် သံတမာန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းမူဘောင်များကိုလည်း အပြည့်အဝလိုက်နာကြောင်း” နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Guri Solberg မှနိုင်ငံပိုင်သတင်းဌာန NRK ကို ပြောကြားခဲ့သည်။
နော်ဝေမီဒီယာ Jan Flaete မှဖော်ပြခဲ့သည့် မောင်းထုတ်ခံရသော သံတမာန်မှာ မော်စကိုရှိ နော်ဝေသံရုံးမှ ဒုတိယအဆင့်မြင့်ဆုံး သံတမာန်ဖြစ်ပါသည်။ ပြီးခဲ့သော သောကြာနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မော်စကိုရှိ နော်ဝေသံရုံးမှ အကြီးတန်းအရာရှိအား သံတမာန်ရေးရာ အသိအမှတ်ပြုမှုကို ရုပ်သိမ်း ပြီး နိုင်ငံအတွင်းမှ ၃ ရက်အတွင်း ထွက်ခွာရန်ကြေညာခြင်းသည် နော်ဝေနိုင်ငံမှ ရုရှား သံတမာန်အား နှင်ထုတ်ခြင်းအပေါ် ပြန်လည်လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ရုရှား နိုင် ငံပိုင်မီဒီယာတစ်ခုမှ ဖော်ပြခဲ့ပါသည်။
“ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရုရှားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအား ဆင့် ခေါ်ခဲ့ပြီး နော်ဝေသံရုံးမှ သံတမာန်တစ်ဦးကို မလိုလားအပ်သူအဖြစ် ကြေညာခဲ့ပြီး လက်တုံ့ပြန်ခဲ့ကြောင်း” ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောကြားခဲ့ပါသည်။လွန်ခဲ့သော ၁၀ ရက်က နော်ဝေနိုင်ငံသည် အော်စလိုမြို့ရှိ ရုရှားသံရုံးမှ ကုန်သွယ် ရေးကိုယ်စားလှယ် Auksandr Stekolshikov ကို ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။
ရုရှားထောက်လှမ်းရေးအရာရှိ Stekolshikov အား “နိုင်ငံတော်လျှို့ဝှက်ချက် များကို ထုတ်ဖော်မှု”နှင့် စွဲ ချက်တင်ထားသော နော်ဝေရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ DNV GL တွင် သူလျှိုအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်ဟု နော်ဝေအာဏာပိုင် များက ယူဆကြသည်။
ထို့ကြောင့် Stekolshikov ကို ပြည်နှင်ဒဏ်ပေးခြင်းအတွက် နော်ဝေနိုင်ငံအား ရုရှားနိုင်ငံမှ ပြစ်တင်ရှုံ့ချခဲ့သည်။
Source - Xinhua #Myanmar_Online_News
0 comments:
Post a Comment