Saturday, August 29, 2020

ထိုင်းနိုင်ငံဖူးခက်တွင်သေနတ်အတုဖြင့်ဆေးအရောင်းဆိုင်ထဲ ဓါးပြဝင်တိုက်သည့်မြန်မာနိုင်ငံသားတစ်ဦးအား ၂၄ နာရီအတွင်းရဲတပ်ဖွဲ့မှဖမ်းဆီးရမိ

ဩဂုတ်လ ၂၇ ရက်နေ့ည ည ၂၃:၄၀ ချိန်တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့ ချလောင်းရပ်ကွက် ကျော်က်ဖာ့( အရှေ့ဘက် ) လမ်းမကြီးဘေးရှိ Pharmacy ဆေးဆိုင်မှအရောင်းဝန်ထမ်းအမျိုးသမီးထံသို့ အသက် ၃၀-၄၀ ဝန်း ကျင်ခန့်အမျိုးသားတစ်ဦး အကျီအနက်ရောင် ၊ ဦးထုပ်အနက်ရောင် ၊ ဘောင်းဘီတိုအနက်ရောင်ဝတ်ဆင်ကာ ပစ္စတိုသေနတ်ပြပြီးကောင်တာထဲမှဘတ်ငွေ ၄၅၀၀ အားယူဆောင်၍ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့သို့သတင်းပေးပို့ခဲ့သည်ဟုသိရ ။
ချလောင်းရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းများဖြင့်တရားခံအားဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းပြီး ဓါးပြ သည်ဤဆိုင်၏အခြေအနေကိုကြိုတင်သိထားသူဖြစ်နိုင်ပြီး အနီးအနားမှာနေထိုင်တဲ့ဖြစ်နိုင်ကြောင်းသုံးသပ်ကာ ၎င်းအသုံးပြုခဲ့သည့် ဆူဇူကီးဆိုင်အပြာရောင်အားခြေရာခံလိုက်လံရှာဖွေခဲ့ကြတယ်လို့သိရှိရသည် ။
ထို့နောက် ဩဂုတ်လ ၂၈ ရက်နေ့ည ၂၃:၀၀ ချိန်တွင် ချလောင်းရပ်ကွက် ၊ အကွက် ၁ ပါလိုင်လမ်းကြားရှိနေ အိမ်အခန်းငှားတွင် နေထိုင်သော မြန်မာနိုင်ငံသား မောင်အောင်ချမ်းသာ (၂၉) နှစ်အားရဲမှူးကြီး စလာဝွတ် ချူးပစစ်ဦးစီးသည့်ရဲတပ်ဖွဲ့မှဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ သက်သေခံ ၉မမ ပစ္စတိုသေနတ်အတု ( ၁ ) လက်နှင့်ဆိုင်ကယ်တို့အားတရားခံနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တိုက်ရာဘတ် ၄၅၀၀ မှာသုံးစွဲလိုက်ပြီဖြစ်ကြောင်း အ ခင်းဖြစ်သည့် ထိုနေ့ညက အရက်သောက်များပြီး လုပ်မိလုပ်ရာလုပ်လိုက်ကြောင်းဝန်ခံထွက်ဆိုပြီး ဝန်ချတောင်းပန်ခဲ့တယ်လို့ Phuketc7 Day online News သတင်းတွင်ဖော်ပြခဲ့သည် ။
ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူတရားခံအောင်ချမ်းသာအား တရားဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟုသိရှိရပါသည် ။
Source - Si Thu Maung

0 comments:

Post a Comment