ထိုင်း - မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် ဆိုင်းယုတ်မြို့နယ် ဆီမုန်ခွန်ကျေးရွာအုပ်စု ဖုချနီးဝင်ပေါက်လမ်းမှတဆင့် တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၇ ဦးအား ဩဂုတ်လ ၂၈ ရက်နေ့ညပိုင်းက ယာဉ် ၂ စီးပေါ်တွင်လိုက်ပါလာသဖြင့် တာဝန်ရှိရဲတပ်ဖွဲ့မှစစ်ဆေးဖမ်းဆီးခြင်းခံခဲ့ရပါသည်။
၎င်းတို့အားလုံးထားဝယ်ဘက်ကနေထိုင်းနိုင်ငံကိုတရားမဝင်လာရောက်အလုပ်လုပ်ကိုင်ရန်ဖြစ်ကြောင်းထွက်ဆိုကြပြီး ဆိုင်းယုတ်မြို့နယ်ရဲတပ်ဖွဲ့မှပါဝင်ပါတ်သက်များအားစစ်ဆေးဖော်ထုတ်မှုများပြုလုပ်နေကြောင်းသိရှိရသည် ။ ထိုင်း - မြန်မာနယ်သပ်တစ်လျှောက်တွင် လတ်တလောမြန်မာနိုင်ငံ၏ Covid -19 ရောဂါပိုးကူးစက်မှုအသစ်လူနာများနေ့စဉ်တိုးပွားလာမှုအပေါ်စိုးရိမ်ထိတ်လန့်မှုဖြစ်ကာ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်မျဉ်းတစ်လျှောက် ယခုကဲ့သို့တရားမဝင်ခိုးဝင်ရောက်လာမှုအားကာကွယ်တားဆီးနိုင်ရေးအတွက် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားများတိုးမြှင့်ချထားကြောင်းသိရှိရပါသည် ။
>>zawgyi<<
ထားဝယ်ဘက်မှ ထိုင်းနယ်စပ်သို့တရားမဝင်ခိုးဝင်သူမြန်မာနိုင်ငံသား ၃၇ ဦးအား ထိုင်းရဲတပ်ဖွဲ့မှဖမ်းဆီးရမိ
Saturaday, Aug 29, 2020
ထိုင်း - မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် ဆိုင်းယုတ်မြို့နယ် ဆီမုန်ခွန်ကျေးရွာအုပ်စု ဖုချနီးဝင်ပေါက်လမ်းမှတဆင့် တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၇ ဦးအား ဩဂုတ်လ ၂၈ ရက်နေ့ညပိုင်းက ယာဉ် ၂ စီးပေါ်တွင်လိုက်ပါလာသဖြင့် တာဝန်ရှိရဲတပ်ဖွဲ့မှစစ်ဆေးဖမ်းဆီးခြင်းခံခဲ့ရပါသည်။
၎င်းတို့အားလုံးထားဝယ်ဘက်ကနေထိုင်းနိုင်ငံကိုတရားမဝင်လာရောက်အလုပ်လုပ်ကိုင်ရန်ဖြစ်ကြောင်းထွက်ဆိုကြပြီး ဆိုင်းယုတ်မြို့နယ်ရဲတပ်ဖွဲ့မှပါဝင်ပါတ်သက်များအားစစ်ဆေးဖော်ထုတ်မှုများပြုလုပ်နေကြောင်းသိရှိရသည် ။ ထိုင်း - မြန်မာနယ်သပ်တစ်လျှောက်တွင် လတ်တလောမြန်မာနိုင်ငံ၏ Covid -19 ရောဂါပိုးကူးစက်မှုအသစ်လူနာများနေ့စဉ်တိုးပွားလာမှုအပေါ်စိုးရိမ်ထိတ်လန့်မှုဖြစ်ကာ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်မျဉ်းတစ်လျှောက် ယခုကဲ့သို့တရားမဝင်ခိုးဝင်ရောက်လာမှုအားကာကွယ်တားဆီးနိုင်ရေးအတွက် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားများတိုးမြှင့်ချထားကြောင်းသိရှိရပါသည် ။
crd - Si Thu Maung
0 comments:
Post a Comment