ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များကို စစ်တွေ မြို့နှင့် (၈)မိုင်ကွာဝေးသော ကျောက်တန်းကျေးရွာအနီး ယာယီကားဂိတ်တွင် ကုန်တင်ကုန်ချ ပြုလုပ်ပြီး ကုန်ပစ္စည်းပို့ကြိုစနစ်ဖြင့်လည်းကောင်း၊ ယာဉ်မောင်းလဲလှယ် မောင်းနှင်ခြင်းစနစ်ဖြင့် လည်းကောင်း မြို့တွင်းသို့ ပို့ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းတန်းကားဂိတ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရန် ရောက်ရှိလာသော ကုန်ကားများအား ပိုးသတ်ဆေးဖျန်းခြင်း၊ကုန်စည်များသယ်ဆောင် ရန်လာရောက်သည့် စစ်တွေမြို့တွင်းမှ ကားများအား ပိုးသတ်ဆေးဖျန်း ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကုန်ကားများနှင့် ဆီသယ်ယာဉ်များ စနစ်တကျ ရပ်တန့်ရန်နှင့် ကုန်တင်ကုန်ချ ပြုနိုင် ရန် ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သန်းဖြူ၊ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးနှင့် စစ်တွေမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တ ကျပြေးဆွဲရေးကော်မတီဥက္ကဌ ဦးချမ်းအေးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေး လျှက်ရှိကြောင်းသိရသည်။
ကျောက်တန်းကားဂိတ်သို့ ယနေ့နေ့လည်ပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့်ကုန်စည်များတင်ဆောင်လာသည့် ကုန်ကား ၂၆ စီး ရောက်ရှိရပ်နားကာ မြို့ တွင်းသို့ ကုန်ပစ္စည်းပို့ကြိုစနစ်နှင့်ယာဉ်မောင်းလဲလှယ် မောင်းနှင်စနစ်ဖြင့် ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။
Source - popolay / တင်ထွန်း(ပြန်/ဆက်)
0 comments:
Post a Comment