Saturday, August 29, 2020

အူမကြီး ဆိုင်ရာရောဂါကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေး အနားယူပြီ

ဂျပန်နိုင်ငံမှာ သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်ဖြစ်တဲ့ ရှင်ဇိုအာဘေးက ဒီကနေ့မှာ ကျန်းမာရေးအကြောင်း ပြချက်နဲ့ ရာထူးမှာ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ တိုကျိုမှာ ဒီကနေ့ညနေဖက်မှာပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ သူက အခုလိုပဲပြောကြား သွားခဲ့ပါတယ်။
“ကျနော်ရဲ့ ကျန်းမာရေးက ဇူလိုင်လလယ်လောက်ကစပြီး တစ်ဖြည်းဖြည်း ဆိုးဝါးလာနေပါတယ်။ ကျနော်ရဲ့ ကျန်မာရေးက အစိုးရအဖွဲ့ ကို တုံ့နှေးမှု တွေကို ဖြစ်စေလာတဲ့ အတွက် နားလိုက်မှကောင်းမယ်လို့ ဆုံး ဖြတ်ချက်ချခဲ့တာပါ။ အစိုးရအဖွဲ့ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျနော်က တာ၀န်ယူပေးရမှာကို ကျနော်ဆီမှာပဲ လာလာပုံနေတဲ့ အတွက် ရာထူးကနေနှုတ်ထွက်မယ်လို့ လုပ်လိုက်ရတော့တာပါပဲ” လို့ ဆိုပါတယ်။
“ ကျနော်ကျန်းမာရေးကြောင့် အစိုးရအဖွဲ့ကို မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို ချမိနေမှာလည်း စိုးပါတယ်။ နောက်ပြီးတော့ ဂျပန်ပြည်သူလူထုရဲ့မျှော်လင့်ချက်တွေကိုလည်း ကျနော်တစ်ဦးတည်းကြောင့် မပျက်စီး စေချင်ပါဘူး။ ၀န်ကြီးချုပ်တစ်ယောက်ရဲ့ အရည်အသွေးနဲ့ စံချိန်မီမပြည့်စုံတော့တဲ့အတွက် ရာထူးက အနား ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုတော့ ကျနော်အားလုံးကိုလွှတ်ချလိုက်ပါပြီ” လို့ လည်း ဆိုပါတယ်။
ရှင်ဇိုအာဘေး (၆၅နှစ်)က အူမကြီး မှာကူးစက်ရောဂါဖြစ်နေပြီး အူမကြီးတစ်လျှောက် ဟိုနေရာ ဒီနေရာကွက်ပြီး ယောင်ယမ်းမှုတွေဖြစ်ပေါ်နေပါတယ်။ သူက ဂျပန်၀န်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်ကတည်းက တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ဒုတိယသက်တမ်းမှာ သူက သောင်ပြို ကမ်းပြိုအနိုင်ရပြီး ၀န်ကြီးချုပ်ဆက်လုပ်ခဲ့ တာပါ။ အာဘေးနိုမစ်လို့ ပြောစမတ်တွင်အောင် သူက ဂျပန်နိုင်ငံရေးကို မဟာဗျူဟာကျကျ ပြောင်း လဲနိုင်ခဲ့ပါတယ်။ အစိုးရအသုံးစရိတ်လျှော့ချတာမျိုး လိုကိစ္စတွေနဲ့ တိုင်းပြည်ရဲ့အခြေခံအဆောက် အအုံတွေ မြှင့်တင်တာတွေနဲ့ပတ်သက်ပြီး သူက စွမ်းစွမ်းတမံ ပြုလုပ်နိုင်ခဲ့ပေမဲ့ လက်တလောဖြစ်ပွားတဲ့ ကိုဗစ်ရောဂါပြန့်နှံ့မှု ကိစ္စမှာတော့ ဝေဖန်ပြစ်တင်မှုတွေခံနေရပါတယ်။
၂၀၁၉က မှ ရာထူးကို ပြန်လည်လက်ခံယူထားတဲ့ အာဘေးသူ့နေရာကိုဆက်ခံမဲ့သူ မပေါ်မချင် ၀န်ကြီးချုပ် ရုံးမှာ ရှိနေမှာဖြစ်ပြီး သူ့အနားယူတာနဲ့ပတ်သက်ပြီး “ ကျနော်ဒီရောဂါကို ခံစားနေရတာ ၈နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ဇွန်လတုန်းက ဆေးစစ်မှုမှာတော့ ဆရာ၀န်တွေက အလုပ်ဆက်လုပ်လို့မရ တော့ဘူးလို့ ပြောလာပါတယ်။ ရောဂါကို အချိန်ယူပြီးကုသဖို့လိုနေတဲ့အတွက် ၀န်ကြီးချုပ်ရာထူးကို စွန့်ဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ”လို့လည်း ဆိုပါတယ်။
Ref ; Yarmanya Times

0 comments:

Post a Comment