Saturday, August 29, 2020

ရေကျော်စီးတီးမတ် အမျိုးသမီးသန့်စင်ခန်းမှ ဖြစ်စဉ်သည် ဆွဲကြိုးလုယက်မှု မဟုတ်ဘဲ ခိုက်ရန် ဖြစ်ပွားခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့အတည်ပြု

ပုဇွန်တောင်မြို့နယ် ရေကျော် စီးတီးမတ်ရှိ အမျိုးသမီးသန့်စင်ခန်းအတွင်း၌ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်သည် ဆွဲကြိုး လုယက်မှု မဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားခြင်းသာဖြစ်ကြောင်းယနေ့ (သြဂုတ်၂၉ ရက်) မွန်းတည့် ၁၂းဝဝ နာရီအချိန်တွင် ပုဇွန်တောင်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားပေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်တစ်ဦးက အမျိုးသမီးကြီးတစ်ဦးထံမှဆွဲကြိုးကို လည်ပင်းလှီး ၍ လုယက်မှုဖြစ်ပွားခဲ့ကြောင်း ယမန်နေ့( သြဂုတ် ၂၈) ညနေပိုင်းက လူမှုကွန်ရက်တွင် ကနဦး သတင်း ထွက်ပေါ်ခဲ့သည်။
သို့သော် နာရီပိုင်းအကြာတွင် နောက်ဆက်တွဲထွက် လာသည့်သတင်းများအရ ဆွဲကြိုးဖြတ်ခြင်းမဟုတ်
ကြောင်း၊ အမျိုးသမီးငယ်က အိမ်သာထဲတွင် ဖုန်းမေ့ကျန်ခဲ့၍ ပြန်ယူသည့်အချိန်တွင် အိမ်သာခန်းထဲတွင် ရှိနေသည့် အမျိုသမီးကြီးက " ေ-ာက်စည်းကမ်းမရှိဘူး" ဟု ပြောခဲ့ရာမှ အမျိုးသမီးငယ်က စိတ်ဆိုးကာ ရန်ဖြစ်ခဲ့ကြပြီး လူခြင်း နပန်းလုံးကြခြင်းဖြစ်ကြောင်း၊ ထိုသို့နပန်းလုံးရာမှ အမျိုးသမီးကြီး၏ မျက်မှန်ကိုင်းကျိုးသွားကြောင်း၊ ကျိုးသွားသည့်မျက်မှန်ရိုးဖြင့် အမျိုးသမီးငယ်ကပြန်ထိုးခဲ့ရာ သွေးများထွက်ပြီး လူအများဝိုင်းလာကာ ဆွဲကြိုးဖြတ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးသားမှုများရှိခဲ့သည်။
သြဂုတ် ၂၈ ညပိုင်းတွင်မူ ကာယကံရှင်၏ သမီးဆိုသူက ဆွဲကြိုးလုယက်မှုဖြစ်သည်ဟု ရှင်းလင်းရေးသား ထားသည့် ပို့စ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးတင်ခဲ့ရာ ပြန်လည်မျှဝေသူလည်း လွန်စွာများ
ပြားနေသည်ကို တွေ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက်ပုဇွန်တောင်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျရဲအရာရှိက ဆွဲကြိုးလုယက်မှုမဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားခြင်းသာဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ဆွဲကြိုးလုယက်တာမဟုတ်ပါဘူး။ ခိုက်ရန်ဖြစ်ပွားတာပါပဲ။ အခု အမှုဖွင့်ထားပါတယ်"ဟု ပုဇွန်တောင်
မြို ့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပုဇွန်တောင်မြို့နယ်စီးတီးမတ်ရှိအမျိုးသမီးသန့်စင်ခန်း အတွင်းရှိ ဘေစင်ပေါ်တွင် တင်ထားသော ပြစ်မူကျူးလွန်သူ၏ဖုန်းအား “ဘယ်သူ့ဖုန်းလဲ စည်းကမ်းမရှိဘူး” ဟု မျက်မှန်ကိုင်းဖြင့်အထိုးခံရသူ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကပြောရာမှ စကားများရန်ဖြစ်ခဲ့ကာ အသက် ၆၀ နှစ်အရွယ်အမျိုးသမီးအား အသက် ၂၀ နှစ်အရွယ် အမျိုးသမီးက မျက်မှန်ကိုင်းကျိုးဖြင့် ထိုးခဲ့ကြောင်း ပုဇွန်တောင်မြို့မရဲစခန်း မှတ်တမ်းအရ သိရှိရသည်။
Ref ; The Ladies News

0 comments:

Post a Comment