Tuesday, September 1, 2020

ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာ၌ AA အကြမ်းဖက်သောင်း ကျန်းသူများ၏ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ်များဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် စပါးထားကျေးရွာအတွင်း လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း၊ (ဘ)ဦးမောင်စောအောင်၏ နေအိမ်၌ AA အကြမ်း ဖက်သောင်းကျန်းသူများ၏ရိက္ခာအတွက် သိုလှောင် ထားသည့် ဆန်အိတ် ၈၀ အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များအား စစ်တွေမြို့သို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment