Tuesday, September 1, 2020

International ARMY Game 2020 တွင် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ နှင့်ဗီယက်နမ် အသင်းတို့လက်ဆင့်ကမ်းပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်

ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသော International ARMY Game 2020 တင့်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ နှင့် ဗီယက်နမ် အသင်းတို့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန်တွင်လက်ဆင့်ကမ်းပြိုင်ပွဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ relay (လက်ဆင့်ကမ်း) ပြိုင်မယ့်အသင်းတွေအကုန် ချိန်သားညှိပစ်ခတ်ပါတယ်..
လက်ဆင့်ကမ်းပြိုင်ပွဲမှာ division 1 အသင်းများအားလုံးသည် မောင်းနှင်လျှက်ပစ်ခတ်ရာတွင် မထိခဲ့သောပစ်မှတ်များအား ရှေ့တွင်ကျည်ပြန်တင်ပြီး ရပ်လျှက်ပြန်လည်ပစ်ခတ်ရမှာဖြစ်ပါတယ်.
ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၃ နာရီခွဲတွင် Division 1 မှ တရုတ်၊ အဇာဘိုင်ဂျန်၊ ဆားဗီးယား၊ ဘီလာရုစ် အသင်းများ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်.
ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန်တွင် မြန်မာအသင်း နဲ့ ဗီယက်နမ် အသင်း လက်ဆင့်ကမ်းပြိုင်ပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်..
Relay (လက်ဆင့်ကမ်းပြိုင်ပွဲ)တွင် ပြိုင်ပွဲဝင်နိုင်ငံ တစ်နိုင်ငံလျှင် crew ၃ ဖွဲ့လုံး တင့်ကားတစ်စီးတည်းဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်.. ပြိုင်ပွဲဝင်နိုင်ငံအသင်းများအားလုံး တစ်ချိန်တည်းစထွက်ရမှဖြစ်ပြီး crew (၁) ဖွဲ့ကို ကွင်း ၄ ပတ် ပတ်၍ ​မောင်းနှင်ပစ်ခတ်ရမှာဖြစ်ပါတယ်.. crew တစ်ဖွဲ့ ကွင်း ၄ ပတ် ပြီးချိန်တွင် ပွဲကြည့်စင်ရှေ့ တွင် တိုက်ယာဉ်ရပ်ပြီး နောက် crew တစ်ဖွဲ့နဲ့ လက်ချင်းရိုက်ပြီး လဲလှယ်ရမှာဖြစ်ပါတယ်.. လက်ဆင့်ကမ်းပြိုင်ပွဲမှာ crew တစ်ဖွဲ့လျှင် တင့်ကားပစ်မှတ် ၃ ခု (မောင်းနှင်လျှက်ပစ်ခတ်ခြင်း)၊ ရဟတ်ယာဉ်ပစ်မှတ် ၁ ခု၊ တင့်ဖျက်လက်နက်ကြီးပစ်မှတ် ၁ ခု၊ RPG သမား ပစ်မှတ် ၃ ခု ပစ်ခတ်ရမှဖြစ်ပါတယ်.. crew တစ်ဖွဲ့လျှင် ပစ်မှတ် ၈ ခုစီ ပစ်ခတ်ရတာဖြစ်တာကြောင့် crew ၃ ဖွဲ့ပေါင်း ပစ်မှတ် ၂၄ ခုပစ်ခတ်ရမှာဖြစ်ပါတယ်.. crew (၁) ဖွဲ့ကို ကွင်း ၄ ပတ် ပတ်၍ ​မောင်းနှင်ပစ်ခတ်ရမှာဖြစ်ပြီး crew ၃ ဖွဲ့ပေါင်း ကွင်း ၁၂ ပတ် ပစ်မှတ် ၂၄ ခု မောင်းနှင်ပစ်ခတ်ရမှာဖြစ်တာကြောင့် လက်ဆင့်ကမ်းပြိုင်ပွဲမှာ တိုက်ယာဉ်ရဲ့ ကြံ့ခိုင်မှုကအရမ်းအရေးကြီးသလို crew တွေရဲ့ ဆုံးဖြတ်ချက်နဲ့ driver ရဲ့ skill ကလည်းအရေးကြီးပါတယ်..
Relay Stage (Myanmar Team)(Green Tank)
1st crew
Captain Tin Myo Lwin
Captain Nyein Zaw Htwe
Private Pyae Phyo Khaing
2nd crew
Captain Pyae Phyo Kyaw
Captain Kyaw Zin Thet
Sergeant Aung Khit Min
3rd crew
Captain Htin Aung Kyaw
Captain Min Kyaw Htet San
Sergeant Chan Nyein Kyaw Sein Mhan
Reverse Crew
Captain Aung Win Thu
Lieutenant Naw Htoo Aung
Private Pyay Kyaw

0 comments:

Post a Comment